Unicode
စနေ တနင်္ဂနွေတွေဆိုတာမရှိတဲ့ ဘဝသမားလေးဘတ်ဟျွန်းခင်ဗျာ ချမ်းချမ်းစီးစီး မနက်အစောကြီးမှာ
အနွေးထည်လေးလွှမ်းလို့ အလုပ်ကိုလာရတယ် ။
သူ chanyeolကိုအရမ်းသဘောကျလို့အနားမှာနေခွင့်ရအောင်ဒီအလုပ်ကိုလုပ်တာတော့မှန်ပါတယ် ။
ဒါပေမယ့် ဘာကြောင့်သူ့မှာအားလပ်ရက်ကလေးတောင်မရှိရတာပါလဲ ။
တကယ်ပဲသူ့အတွက်တရားမျှတမှုကရောဘယ်မလဲ ။Oh Sehunကလဲ ဒီနေ့သူ့ကိုလိုက်ပို့ဖို့မအား ။
သူ့ခင်ဗျာ မနက်စာလေးကမန်းကတန်းသွပ်ပြီး Taxiနဲ့လာရတယ် ။ ပုံမှန်ထက်စောခေါ်ထားလို့
မနက်စာကိုတောင်ဝအောင်မစားနိုင်ဘူး ။နောက်ကျမှာစိုးလို့ အပြေးအလွှားထလာခဲ့ရတာ ။
သူ့ဗိုက်ကလေးထဲ ပေါင်မုန့်မီးကင်သုံးချပ် နွားနို့တစ်ခွက်နဲ့ ပန်းသီးလေးတစ်လုံးပဲရှိရှာတယ် ။
အတော်လေးကိုပြားချပ်လို့ ။
သူ့ဗိုက်အတွက် အတော်လေးစိတ်မကောင်းလွန်းလို့
မာမား ထည့်ပေးလိုက်တဲ့အာလူးကြော်ဗူးလေးနဲ့ပဲ Taxi ပေါ်မှာဖြည့်တင်းပေးနေရတယ် ။သူ့လက်ထဲက pringleဘူးကြီးလဲ တစ်ဘူးလုံးပြောင်တာနဲ့ Taxiကလဲ Chanyeolအိပ်ရှေ့ကိုအရောက်မို့ driver ကိုပိုက်ဆံရှင်းပြီး ကားပေါ်ကဆင်းလိုက်တယ် ။
ဘဲလ်မတီးခင် မုန့်စားထားလို့ ပေကျန်နေတဲ့လက်ချောင်းတွေကို တစ်ချောင်းချင်းအားရကျေနပ်စွာစုပ်လိုက်ရင်း ပြောင်ပြီဆိုတာသေချာမှ ကပ်ကျန်ခဲ့တဲ့သွားရည်တွေကို ဘောင်းဘီနဲ့သုတ်ပစ်လိုက်တယ် ။စိတ်ကျေနပ်သွားပြီဆိုမှ ဘဲလ်တီးလိုက်တော့ အထဲက ချက်ချင်းဖွင့်ပေးတယ် ။
ပွင့်လာတဲ့တံခါးကိုဖြတ်ပြီးအထဲကို မျက်မှောင်ကြီးကြုံ့ပြီးဝင်သွားတော့ကြိုရောက်နှင့်နေတဲ့manager hyung က လက်ပြကာနှုတ်ဆက်လာတယ် ။
သူခေါင်းတစ်ချက်ပဲပြန်ငြိမ့်ပြလိုက်ပြီး ဆိုဖာပေါ်ခပ်တည်တည်ဝင်ထိုင်ကာ ကျောပိုးအိတ်ထဲက ရေဘူးကိုထုတ်လို့ တဂွတ်ဂွတ်မြည်အောင်သောက်ချလိုက်တယ်။ ဒါတောင် ဗိုက်က မပြည့်ချင်သေးဘူး ။သူ့ရဲ့စားသောက်ခြင်းလုပ်ငန်းတွေပြီးစီးသွားမှ chanyeolကို မတွေ့သေးတာသတိရတယ် ။
သူ့အတွက်က အစားကနံပါတ် ၁
crush က နံပါတ် ၂ပဲ ။ ခနက ဗိုက်ဆာနေရလို့ park chanyeolကိုတောင်သတိမရနိုင်ဘူး ။