Unicode
တွေဝေနေခြင်းမရှိဘဲ ဆိုင်းမဆင့်ဗုံမဆင့်ထွက်ချလာပြီးမှ အိမ်ထဲဝင်ဖို့ကိုရင်ထိတ်နေရတယ် ။
လောလောဆယ် baekhyunအိမ်ရှေ့ကိုရောက်နေခြင်းပါပဲ ။သူ့အပေါ်အရေးပေးလွန်းပြီး တွေးပေးတတ်လွန်းတဲ့ကောင်လေးကို လူမသိသူမသိ တိတ်တဆိတ်တွဲနေရတာထက် မိဘတွေကိုတရားဝင်အသိပေးပြီး သူ့အသိုင်းဝိုင်းကိုယ့်အသိုင်းဝိုင်းကြားမှာတော့ ချပြထားချင်တယ် ။ ဒါကြောင့်ပဲ ကြာကြာစဥ်းစားမနေပဲ
အားတာနဲ့ဒီရှေ့ထိရောက်အောင်ချက်ချင်းထွက်ချလာလိုက်တယ် ။လောလောဆယ်အိမ်ရှေ့တည့်တည့်ရောက်နေပေမယ့်ကောင်လေးအခက်တွေ့သွားမလားရယ်လို့တွေးမိတော့လဲတွန့်ဆုတ်နေမိပြန်တယ် ။
ဘယ်လိုဖြစ်ဖြစ် ဒီကောင်လေးကိုတစ်ဘဝစာလက်တွဲဖို့ဆုံးဖြတ်ပြီးသားမို့ ဖြစ်လာသမျှကို ရင်ဆိုင်ပြီးကာကွယ်ပေးဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။
ထပ်ပြီးတွန့်ဆုတ်မနေတော့ဘဲ ကားပေါ်ကဆင်းကာ
လူခေါ်ဘဲလ်ကိုတီးလိုက်တယ် ။
ရင်တွေတဒိတ်ဒိတ်ခုန်နေပြီးခြေဖျားလက်ဖျားတွေပါအေးစက်နေပေမယ့် သတ္တိအပြည့်မွေးထားတယ် ။
ချစ်ရတဲ့Baekhyunအတွက် ဘာမဆိုရင်ဆိုင်ဖို့အသင့်ပဲ။" ဘယ်သူနဲ့တွေ့ချင် အာ shit ! "
ခြံတံခါးဖွင့်ဖွင့်ချင်း ရင်ဝကိုဆောင့်ကန်ခံလိုက်ရတယ် ။ဒီအကြောတင်းနဲ့မှစတွေ့ရတယ်လို့ သောက်ဂွပဲ ။
" Baekhyun မိဘတွေနဲ့တွေ့ချင်လို့လာတာ အိမ်မှာရှိကြတယ်မလား "
ကိုယ့်ဘက်က လိုချင်တာရှိတာမို့ မကြည်ပေမယ့်လည်းလေသံချိုချိုနဲ့ပဲမေးလိုက်တယ် ။
ဒါမယ့် လူတစ်ကိုယ်လုံးကို ခေါင်းအစခြေအဆုံးကြည့်ပြီး နှာမှုတ်လိုက်တဲ့ရှေ့ကကောင်ကတော့ သူ့ကိုချိုချိုသာသာပြန်ဆက်ဆံဖို့စိတ်ကူးမရှိဘူးထင်ပါရဲ့ ။" မင်းက ငါ့ဦးလေးတွေအဒေါ်တွေနဲ့ တွေ့စရာဘာအကြောင်းရှိနေလို့လဲ "
" မင်းသိစရာမလိုဘူး လူကြီးတွေနဲ့ပဲပြောမယ် "
အရစ်ကြောင်းနေတဲ့အကြောတင်းဟာ ခုထိအိမ်ထဲဝင်ခွင့်မပေးပဲ တံခါးရှေ့မှာတင် ပေကပ်ကပ်နဲ့ပိတ်ရပ်နေတယ် ။စိတ်ရှိတိုင်းသာကိုင်ဆောင့်လိုက်ရရင်တော့ ကျိုးကြေကုန်တော့မယ်။