"hyung nimmm"
ဆွဲဆွဲငင်ငင်နဲ့ ချွဲပြစ်ပြစ်ခေါ်သံတစ်ခုက နားထဲကန့်လန့်တိုက်စွာဝင်လာတာနဲ့တစ်ပြိုင်နက် baekhyunအခန်းတံခါးကို ကမန်းကတန်းပြေးပိတ်လိုက်တယ် ။
သူ့ဘဝမှာဒီလူကိုအမြင်အကပ်ဆုံးပဲ။
မျက်နှာလဲမမြင်ချင်သလိုအသံလဲကြားချင်စိတ်မရှိဘူး ။ဒေါက် ဒေါက်
" hyung အဲ့လို မညစ်ပတ်နဲ့နော်
တံခါးဖွင့် "" လာရာလမ်းအတိုင်းလှည့်ပြန်လိုက် Oh Sehun
မင်းကိုငါမမြင်ချင်ဘူး "ဂျက်ချထားပေမယ့် တံခါးကိုတင်ပါးနဲ့ပါကပ်ကာ တွန်းပိတ်ထားပြီး အော်ပြောလိုက်တယ် ။
ပြန်မှာမဟုတ်မှန်းသိနေပေမယ့် အခန်းထဲဝင်မလာအောင်တော့ အတတ်နိုင်ဆုံးတားရမှာပဲ။" ပါပါးကြီးနဲ့တိုင်မှာနော် hyungကိုပေးသမျှမုန့်ဖိုးတွေ chanyeolအတွက်ပဲသုံးနေပါတယ်ဆိုပြီး "
" မင်းမယုတ်မာနဲ့နော် "
" hyung တံခါးမဖွင့်ရင် ကျွန်တော်ကတော့တိုင်မှာပဲ "
ဝမ်းကွဲဖြစ်တဲ့Oh Sehunက သူ့အကြောင်းကို ချီးအစသေးအဆုံးသိနေတဲ့သူပီပီ ပါပါးနဲ့ ခြိမ်းခြောက်လာတယ် ။
ဘယ်လောက်တောင်အမြင်ကတ်ဖို့ကောင်းလိုက်သလဲ ။" 1 2 3 ဆိုတာနဲ့ မဖွင့်ရင် တိုင်ပြီမှတ်
စပြီနော် 1 2 "ဝုန်း !!!
" ဝင် ဝင် တကယ်ပဲ မုန်းဖို့ကောင်းလွန်းတယ် "
တွေဝေနေပုံ ရတဲ့ hyung သေးသေးလေးက 3 မရောက်ခင်မှာပဲ တံခါးကို ဝုန်းခနဲဖွင့်ပေးပြီး ဆောင့်ကာအောင့်ကာနဲ့ပဲ အခန်းထဲကို ဝင်ခွင့်ပြုလာတယ် ။
ဘယ်လောက်ပဲ သူ့ကို အမြင်မကြည်ပါစေ
ဒီhyung လေးကို ချစ်နေရတာပါပဲ။
အကိုဆိုလို့ ဒါပဲရှိတာကို ။" hyung nim သတင်းတွေကြားတယ်နော်
ဘယ်လိုလဲ Datingက "" ပြန်ကိုမပြောပြချင်လောက်အောင်ပါပဲကွာ
chanyeol လဲ တော်တော်တောင် စိတ်ညစ်သွားလောက်တယ် "မျက်နှာကမျောက်မှိုင်မှိုင်ပြီး အတည်ကြီးစိတ်ဆင်းရဲနေပုံရတဲ့hyung ကြောင့် စိတ်မကောင်းတော့ဖြစ်ရတယ် ။
တသက်လုံး သူကလွဲဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ခဲ့ဖူးလို့ သူစိမ်းတွေနဲ့ဆိုရင် hyungကထူးဆန်းနေတတ်တာပဲ ။
မလိမ်တတ်တဲ့အကျင့်ကလဲရှိနေတော့ပိုဆိုးပေါ့ ။
chanyeolလဲ အတော်ကိုစိတ်ညစ်ခဲ့ရတယ်ဆိုပြီးရင်ဖွင့်လာလို့ သူရှင်းပြခဲ့ရသေးတယ် ။