တစ်နေ့တာက ပုံမှန်ထက် ရှည်လျား နေသလို ခံစားရတယ် ။
အရင်ဆို ရိုက်ကူးရေးတွေမှာပေါ့ပေါ့ပါးပါး လုပ်နိုင်ပေမယ့် ဒီနေ့ကတော့ လုံးဝကိုဆန့်ကျင်ဘက်ပါပဲ။စကားလဲများများမပြောရဲသလို မေးခွန်းဆိုလဲ သေချာ ချင့်ချိန်စဥ်းစားပြီးမှမေးရဲတယ် ။
ဘာထဖြေပြီး ဘယ်လိုအပေါက်အလမ်းမတည့်တာတွေလုပ်မလဲဆိုတဲ့ စိတ်နဲ့ လူက ပူထူပြီး ချွေးပြန်နေရတာပဲ။ခုလည်း ရုပ်ရှင်ရုံကိုရောက်နေပေမယ့် အထဲမဝင်ရဲဘဲ အဝမှာတင်တစ်နေတယ် ။
Specialအနေနဲ့ ထည့်ထားတာမို့ ဘာကင်မရာမန်းမှမပါဘဲ နှစ်ယောက်ထဲပဲဝင်ရလိမ့်မယ် ။
ဘုရားတရားမလို့ ဘာမှတလွဲမဖြစ်ပါစေနဲ့ ။" Baekhyunဝင်ကြတော့မလား "
" တကယ်ကြီး အထဲမှာနှစ်ယောက်ထဲကြည့်ရမှာလား "
ရုပ်ရှင်ကြည့်ရမယ်ဆိုတာသိထားပေမယ့် ဒီလို
အခြေအနေ မျိုးလို့တော့ လုံးဝကိုထင်မထားခဲ့။
မှောင်မည်းနေတဲ့ရုံထဲမှာ chanyeol နဲ့သူနဲ့
နှစ်ယောက်ထဲတဲ့ ။
ရင်တွေတောင်ခုန်လာသလိုပဲ ။နှလုံးခုန်သံတွေမြန်လာတာနဲ့အမျှလက်တစ်ဖက်က ဖင်ကို ပိတ်ထားရတယ် ။
နောက်တခါ ထပ်ပြီး အီးမပေါက်မိစေဖို့ အတတ်နိုင်ဆုံး ထိန်းထားရမယ် ။" ဘာဖြစ်လို့လဲ Baekhyunသွားရအောင်လေ "
" ဘာမှ မဖြစ်ဘူး သွား သွားမယ်လေ အယ် "
chanyeolက သူ့လက်ကို ခါတိုင်းလိုပဲ လှမ်းဆွဲမယ်အထင်နဲ့ လက်တစ်ဖက်ကမ်းပေးလိုက်ပေမယ့်
နောက်ကိုတောင်တချက်လှည့်မကြည့်တော့ဘဲ
ရှေ့ကနေ ဝင်သွားတယ် ။
သူသာ လက်ကြီးတစ်ဖက် ထုတ်လျက်သားနဲ့
ကြောင်အန်းအန်းကျန်ခဲ့ရတယ် ။
လခွီးထဲမှပဲ အီးမပေါက်ပြန်တော့ တခြားတစ်ခုထပ်ဖြစ်တယ် ။
ဝိုင်းကြည့်နေတဲ့ staff တွေရဲ့ ပြုံးစိစိမျက်နှာဘေးတွေကြောင့် နေရာမှာသာ ထိုင်ငိုပစ်လိုက်ချင်တော့တာပါပဲ။ရှက်ရှက်နဲ့chanyeol နောက်ကို ပြေးလိုက်သွားမိတယ် ။
တစ်ရုံလုံးကအမှောင်ချထားတာမို့ လှေကားတွေကိုစမ်းနင်းရ chanyeolမပျောက်သွားအောင်လဲ စောင့်ကြည့်ရနဲ့ ဗျာများနေတော့တယ် ။
လက်ထဲက ပေါက်ပေါက်ကိုလဲ တစ်စိမှပြုတ်မကျအောင် ကာကွယ်ရတာလဲ တာဝန်ကြီးတစ်ခုလိုပဲ ။