◾ဥကိုင်ခံချင်နေပြီလား ခင်ဗျား !
တဲ့ ဖုန်းထဲကို တင်ခနဲဝင်လာတဲ့message က unknown number ဆီက ။
အရင်ဆို ဒေါသထွက်မိမှာပေမယ့် ခုတော့ သေချာပေါက်ပို့တဲ့လူကို ခန့်မှန်းမိတာမို့ ရင်ထဲကအပူလုံးကြီးကျသွားတယ် ။
instagramကပို့စ်ကို ဟိုဟာလေးမြင်သွားပြီထင်တယ် ။
ဒီလိုရန်ပြန်ထောင်နေပုံထောက်အဆင်ပြေပြေရှိနေပုံရတယ်။စိတ်ပူတာလဲလျော့သွားပြီမို့ စာတစ်ကြောင်းရိုက်နှိပ်ပြီး ပြန်ပို့လိုက်တယ် ။
◽အေး အကိုင်ခံချင်လွန်းလို့ မင်းအရင်အိမ်လာခဲ့ !
ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိတဲ့ဟာလေးကို အရင်ပြန်လာအောင်လုပ်ဖို့က အဓိကပဲ ။
ပြီးမှ ကျန်တဲ့ကိစ္စရှင်းမယ် ။
သူစာပြန်ပြီး စက္ကန့်ဝက်လောက်ကြာတော့ စာတစ်စောင်ပြန်ရောက်လာတယ် ။◾လာစရာမလိုဘူး မနက်တည်းက chanyeol shiအိမ်မှာနေနေတာ
တဲ့ !
ရောက်လာတဲ့စာကိုဖတ်ပြီး ချက်ချင်း ထရပ်လိုက်မိတယ် ။ မနက်ထဲကဆိုတော့ ဘယ်ချောင်မှာ နေနေတာလဲ ။ သူ့မိဘတွေရောoh sehunရော ဒီလောက်စိတ်ပူပြီး ပြာပန်းခတ်နေတာကို သူက ဒီအိမ်မှာ ဘာလာလုပ်နေရတာလဲ ။ မဟုတ်တာတွေတအားလုပ်တာပဲ Byun Baekhyunရယ် ။◽မင်းဘယ်မှာလဲ ချက်ချင်းထွက်ခဲ့
အကုန်လုံး မင်းကိုလိုက်ရှာနေတာကို ဘယ်ချောင်
မှာကပ်နေတာလဲတစ်အိမ်လုံးလဲလှည့်ပတ်ရှာရင်း စာပို့ပြီးလဲထွက်ခဲ့ခိုင်းလိုက်တယ် ။ လူလုံးပြလာရင်တော့ တုတ်နဲ့ကိုရိုက်ချင်တော့တာပဲ ။
" Byun Baekhyun ဘယ်မှာလဲ ထွက်လာခဲ့ "
"အေးဆေးခေါ်နေတုန်း ထွက်ခဲ့နော် Baekhyun "
" Byun Baekhyun "
message ကreply မလာတော့ ကိုယ်တိုင်ပဲအော်ခေါ်ပြီး လိုက်ရှာရတော့တယ် ။အသံကုန်အော်နေတာတောင် နည်းနည်းလေးမှ ပြန်မထူးနိုင်ရလောက်အောင် ဘယ်ချောင်ကြိုချောင်ကြား မှာ ခွေနေသလဲ။
" 1 2 3 ရေပြီးလို့မှထွက်မလာရင် ရဲခေါ်ပြီးရှာခိုင်းမှာနော် အေး