" ကင်မရာတွေပိတ်လိုက် "
" ဟဲ့ဟဲ့ ဓါတ်ပုံမရိုက်ကြနဲ့လေ အော် !"
" Chanyeol အတွက် စဥ်းစားပြီး ကင်မရာတွေပိတ်ပေးကြပါplease "
" မတော်တဆကြောင့် Chanyeolကို အပြောမခံရစေနဲ့ ကိုယ့်လူတို့ "
ဟိုတစ်စဒီတစ်စ ထွက်လာတဲ့အော်သံတွေကြား chanyeol မျက်ရည်ဝဲမိတယ် ။ Baekhyunကို အသာလေးတွန်းဖယ်လိုက်တော့ တချိန်လုံးလွဲခဲ့တဲ့ကောင်လေးဟာလည်း အလိုက်သိစွာနဲ့
ခါးကို ကိုင်းပြီးfanတွေကို တောင်းပန်တယ် ။
သူလဲ ကားပေါ်ကနေဆင်းလိုက်ပြီး suitကိုသေချာပြန်ပြင်ကာ လက်နှစ်ဖက်ကို ရှေ့မှာယှက်ပြီး ဦးညွှတ်လိုက်တယ် ။" မင်းတို့ကို ကျေးဇူးတင်ပါတယ်
အများကြီး နားလည်ပေးပြီး ကာကွယ်ပေးလို့
အတိုင်းမသိအောင် ကျွန်တော် ပျော်ရတယ်
မင်းတို့ဂုဏ်ယူရတဲ့ လူတစ်ယောက်ဖြစ်အောင်အမြဲကြိုးစားနေပါ့မယ် ။
"သူ့စကားဆုံးတော့ fansတွေအကုန်ငြိမ်ကျသွားပြီး
ရှေ့မှာရပ်နေတဲ့သူ့ကိုပဲပြုံးပြုံးကြီးကြည့်နေကြတယ် ။ သူပြန်ပြုံးပြပြီး mini heart signလေးလုပ်ပြလိုက်မှ တဖန်ပြန်ပြီးအုံးအုံးကျွက်ကျွက်ဖြစ်လာကာ အော်ဟစ်သံတို့နဲ့ဆူညံသွားပြန်ရဲ့ ။
တတ်လဲတတ်နိုင်ကြပါပေတယ် ။" Chanyeol နောက်ကျနေပြီ ဝင်ကြရအောင် "
" အားလုံးပဲအိမ်ကိုဂရုစိုက်ပြန်ကြပါ
ကျွန်တော် အလုပ်လုပ်ရတော့မှာမို့ နောက်မှထပ်တွေ့ကြတာပေါ့ "မန်နေဂျာhyungကသတိပေးလာပြီမို့ fanတွေကိုနှုတ်ဆက်ပြီး studioထဲဝင်ဖို့လုပ်တော့ အစကတိုးမပေါက်တဲ့လမ်းကို ချက်ချင်းရှင်းသွားအောင် နောက်ဆုတ်ပေးသွားကြတယ် ။
ဒီကလေးတွေက သူ့ကို ချစ်မဝအောင်လုပ်နေကြတော့တာပါပဲ။
ရင်ထဲမှာ ဘယ်လောက်ထိ ကြည်နူးသွားရတယ်ဆိုတာကိုတော့ ဖွင့်ထုတ်ပြလို့ရရင် ပြချင်ပါသေးတယ် ။" Baekhyun ရေယူပေးဦး "
" Baekhyun ! အယ် ဘယ်ရောက်နေတာလဲ "