Unicode
တစ်ညလုံးအတွေးများခြင်းရဲ့အကျိုးဆက်က
နောက်ထပ်တစ်ရက်တာ အိပ်ရေးပျက်ရတာနဲ့အဆုံးသတ်တယ် ။ အိပ်ရေးပျက်လို့ ငူငူငိုင်ငိုင်ဖြစ်ရမဲ့အစား သူဟာ လက်သည်းတွေကိုတတိတိကိုက်လို့ အတွေးတောထဲမှာသာ မျောမိနေဆဲ။ပတ်ဝန်းကျင်ကသာ မှောင်ရာကနေ တဖြည်းဖြည်းလင်းလို့လာတယ် ။ park chanyeolကတော့ ကုတင်ကိုမှီလို့ ခေါင်းအုံးကိုပိုက်ရင်း မျက်မှောင်ကြီးကြုတ်ကာ ထိုင်နေရာမှာမထ ။
သူ့ကိုယ်သူ ခုထိ ဝေခွဲမရဘူးဖြစ်နေတယ် ။
သူက ကျားစစ်စစ် မိန်းကလေးတွေမြင်ရင် ငေးတတ်ခဲ့ဖူးတဲ့ ယောကျာ်းစစ်စစ် ။
တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ မြင့်မားတဲ့ အရပ်
အမောင်းအပြင် လေးနက်တည်ကြည်တဲ့ မျက်နှာပေါက်ကိုလဲပိုင်ဆိုင်ထားလို့ သန်းပေါင်းများစွာသောfan girlsတို့ရဲ့
ideal type ဆိုလဲမမှားတဲ့ အမျိုးကောင်းသားစစ်စစ် ။
ဒါဆိုသူက ဘာမှားနေတာလဲ ။နှစ်ရက်ဆက်တိုက်မအိပ်ရလို့ ဦးနှောက်တစ်ခုခုချို့ယွင်းသွားတာလား ။
ဒါလဲမဖြစ်နိုင်ဘူး ။သူ ထရိန်နင် ဆင်းခဲ့တဲ့အချိန်တုန်းက ၁ပတ်လောက် ထိ မအိပ်နိုင်ဘဲလေ့ကျင့်ခဲ့တာတွေတောင်ရှိသေးတာပဲဟာ ။
သူ့ခံနိုင်ရည်ကလဲအဲ့လောက်မနိမ့်ပါးနိုင်ဘူး ။ဒါဆို Baekhyunကိုသူတကယ်ပဲသဘောကျ ။
" အားး မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး
သူလုံးဝGayမဟုတ်ဘူး "Baekhyunအပေါ်ယိုင်နဲ့နေတဲ့စိတ်တွေကိုအမြန်မောင်းထုတ်လိုက်ပြီးရေချိုးခန်းထဲပြေးဝင်ကာ
ရေပန်းကိုဖွင့်ချလိုက်ပြီး ခေါင်းအေးသွားအောင် ရေချိုးချလိုက်တယ် ။
ဒါမယ့် ရေချိုးလို့ လူလန်းသွားတာပဲရှိတယ်
စိတ်ကတော့ ထုံထိုင်းဆဲမှုံမှိုင်းမြဲ ။အလုပ်များနေချိန်တွေမေ့သွားမှာပါရယ်လို့
အဝတ်အစားလဲခန်းထဲ ဝင်လိုက်တော့လဲ
တစ်ချိန်ကတန်းတွေကြားကနေ ပါးစပ်ဟစိလေးနဲ့သူ့ကိုမော့ကြည့်နေခဲ့တဲ့ ကောင်လေးကိုသတိရလိုက်မိသေးတယ် ။
ခေါင်းကိုခါရမ်းကာ အတွေးတွေကိုတွန်းလှန်လိုက်ပြီးအဝတ်အစားလဲ အောက်ထပ်ကိုဆင်းလာပြန်တော့လဲ ဆိုဖာပေါ်မှောက်ရက်လေးနေရင်း
သူ့လက်ကိုလှမ်းဆွဲလို့ မျက်နှာငယ်လေးနဲ့ ပြောခဲ့တဲ့စကားတွေကိုပြန်အမှတ်ရမိပြန်ရဲ့။