[Zawgyi]
Halloween 🎃🖤🎃
Chapter (14) Smoke on the water
ဒေါက်... ဒေါက်...
ပန်းကနုတ်များစွာဖြင့် အလှဆင်ထားသော နီညိုရောင် ကျွန်းတံခါးချပ်ကို Top အသာထုလေတော့ အတွင်းမှ...
" အထဲဝင်ခဲ့လေ သား..."
တံခါးတစ်ချပ်ခြားနေသည့်တိုင် ဒယ်ဒီက Top ဧ။် ကိုယ်ရနံ့ကို ရရှိနေသူမို့ အထဲဝင်ခဲ့ရန် ခွင့်ပြုလိုက်သဖြင့် Top လည်း ကြေးတံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ကာ စာကြည့်ခန်းအတွင်းသို့ ဝင်လိုက်ဧ။်။
အတော်အသင့်ကျယ်ဝန်းသော စာကြည့်ခန်းအတွင်းရှိ ဆင်စွယ်ရောင်စားပွဲခုံရှည်အနောက်၌ ရွှေရောင်လက်နေသော စာကြည့်မျက်မှန်ဖြင့် ဒယ်ဒီက ပြတင်းတံခါးမှ တိုးဝှေ့တိုက်ခတ်နေတဲ့ ညလေပြေနုနုကို ခံယူရင်း...
" သား ပြောစရာတစ်ခုခု ရှိလို့လား..."
လေးဖက်လေးလံ နံရံအပြည့် စာအုပ်ပေါင်း ထောင်ချီနီးပါး ရှိမည့် စာအုပ်များက မျက်စိပဒေသာဖြစ်လှဧ။်။ အခန်းအတွင်းထောင့်စွန်းဘက်မှ သံချိန်းကြိုးများဖြင့် ချိတ်ဆွဲတုပ်နှောင်ထားသော အနက်ရောင်သားရေ အဖုံးဖြင့် စာအုပ်တွေက တားမြစ်စာအုပ်တွေ ဖြစ်လေသည်။ ထိုစာအုပ်အချို့ဆီသို့ Top ဧ။် မျက်လုံးတွေက အာရုံစိုက်မိနေမှန်းသိသဖြင့် ဒယ်ဒီက...
" ဒယ်ဒီဆီက ငှါးထားတဲ့ မှော်ဖန်လုံးကို သား ယူထားတာ ဘာမှမပြောချင်ပေမယ့် ဒီစာအုပ်တွေကိုတော့ ယူမကြည့်စေချင်ဘူး... "
Top သက်ပြင်းတစ်ချက် အသာခိုးချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ မျက်နှာထားကို ပြန်ပြင်လိုက်ကာ...
" ဟုတ်ကဲ့ပါ ဒယ်ဒီ... ကျွန်တော် သိချင်တာလေး တစ်ခုရှိလို့ပါ... ကျွန်တော့်တို့စံအိမ်ကို စေတန်ရဲ့ သတင်းပေးပို့သူက ဘာကိစ္စရှိလို့ လာလည်ရတာလဲ ဒါတော့ ကျွန်တော် သိသင့်တယ် ထင်တယ်..."
Top လည်း စာအုပ်စင်ကို အသာမှီရင်း မေးမြန်းလေတော့ ဒယ်ဒီ က စက္ကန့်ပိုင်းလောက် မိမိအား စိုက်ကြည့်နေပြီး ပြောပြသင့် မသင့်ကို ချိန်ဆနေဟန်ဖြင့်။ သို့ပေမယ့် ဒီစံအိမ်ရဲ့ သားအကြီးဖြစ်တဲ့ Top လည်း သိသင့်သည်ဟု ဒယ်ဒီက ယူဆလျက်...
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
Horror#Nyongtory, #Bigbang, #Horror, #Supernatural