Halloween 🎃🖤🎃 Chapter (26)

52 11 4
                                    

[Zawgyi]
Halloween 🎃🖤🎃

Chapter (26) Dangerous World 🖤

သွေးစုပ်ကောင်ကြီးနဲ့ တိုက်ပွဲဝင်နေတဲ့ GD တစ်ယောက် Seungri အကူအညီတောင်းသံကို ကြားမကြား မသိလိုက်ခင်မှာတင် အမှောင်ယံကြီးစိုးလျက်ရှိတဲ့ အမှောင်ကမ္ဘာသို့ Seungri ရောက်ရှိသွားလေပြီ။

ပိန်းပိတ်အောင် မည်းမှောင်နေတဲ့ မရဏတောင်ကြားရပ်ဝန်းက တိတ်ဆိတ်ပြီး ခြောက်ခြားစရာကောင်းလှဧ။်။ လေပြင်းပြင်းတွေက နေရာအနှံ့မှ တိုက်ခတ်လို့နေပြီး ယနေ့ Halloween ပွဲတော်နေ့ညတွင် မည်းမှောင်နေသော ကောင်းကင်ယံထက်၌ အရင်နဲ့မတူပဲ အစိမ်းရောင်လျှပ်စီးကြောင်းတွေက အရပ်ဆယ်မျက်နှာအသီးသီးမှာ ပြိုးကနဲ ပြက်ကနဲဖြင့်။

" မေ မေ... မေ မေ ရှိလား... "

မိခင်ဖြစ်သူ မိမိကို လာတွေ့ဆုံလေမလားဟူသော မျှော်လင့်ချက်ဖြင့် တကြော်ကြော်အော်ခေါ်လိုက်ပေမယ့် ဒီတခါတော့ မေ မေရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရ။

Seungri တစ်ဦးတစ်ယောက်တည်း အမှောင်ထဲလျှောက်သွားရင်း ထွက်ပေါက်ကို ရှာဖွေနေမိသည်။ ရှာဖွေနေရာမှ အခန်းငယ်ထဲ ကျန်ရစ်ခဲ့တဲ့ ညီမလေး Hyo Rin နဲ့ Sun တို့အကြောင်း တွေးမိပြီး Seungri စိုးရိမ်သွားရပြန်သည်။

မီးလောင်နေတဲ့ ကင်းဘတ်စကိုထိမိရုံနဲ့ ရုတ်တရက်ပျောက်ကွယ်သွားတဲ့ သူ့အကိုရဲ့ အဖြစ်အပျက်ကို မြင်ပြီး Hyo Rin ထိတ်လန့်နေရှာမလား။

ဒီထူးဆန်းတဲ့နေရာဆီ ရောက်ရောက်သွားတဲ့ကိစ္စကို Hyo Rin စိတ်ပူမှာစိုးလို့ ကြိုးစားဖုံးကွယ်နေကာမှ ညီမလေး အရှေ့မှာ အခုလိုဖြစ်ခဲ့တာကြောင့် Seungri ပိုစိတ်ညစ်မိတာ အမှန်ပါ။ GD ကိုလည်း တဆက်တည်း စိတ်ပူနေရပြန်သေးသည်။

ချွင်ချွင်... (ခြူလုံးသံ)

Seungri လက်ကောက်ဝတ်မှ ခြူမြည်သံက ထူးထူးခြားခြား ကျယ်လောင်စွာ အသံထွက်ပေါ်လို့နေဧ။်။

ထိုစဉ် ကောင်းကံထက်ရှိ တဖျက်ဖျက်လက်နေတဲ့ အစိမ်းရောင်လျှပ်စီး အလင်းရောင်ကြောင့် မိမိထံသို့ အရှေ့တောင်စူးစူးအရပ်မှ တစ်စုံတစ်ရာ ခပ်ဖြည်းဖြည်း တိုးကပ်လာသည်ကို Seungri သတိပြုမိလိုက်သည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now