Halloween 🎃🖤🎃 Chapter (21)

118 9 9
                                    

[Zawgyi]

Halloween 🎃🖤🎃

Chapter (21) Creature 🖤

ခပ်ကွေးကွေးလမင်းကို တိမ်လွှာတိမ်သားတွေက ဖုံးကွယ်စပြုနေလေပြီ။ လငပုပ်ဖမ်းသလို လအလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်လာရင်း ညကောင်းကင်ယံမှာလည်း ခြောက်ခြားဖွယ် အနီရောင်အလင်းတန်းအချို့ဖြင့်။

Seungri ခြေကုန်သုတ်တင်၍ ပြေးလွှားပြီးနောက် GD ဧ။် ခြံတံခါးရှေ့သို့ ရောက်လျှင်ရောက်ချင်း ခြံစည်းရိုးမှ လူခေါ်ဘဲလ်ကို ခပ်မြန်မြန်ဖိနှိပ်လျက်...

" GD... GD... "

G-dragon ဧ။် အနံ့ခံအာရုံအရဆိုလျှင် မိမိက သူ့ခြံရှေ့တွင်ရောက်ရှိနေကြောင်းကို သတိထားမိ နေလောက်ပြီဖြစ်လိမ့်မည်။ သို့သော် အိမ်တံခါးကို ဖွင့်ဟ၍ အပြင်သို့ထွက်ပေါ်လာသူက GD ဧ။် မိခင်ဖြစ်နေလေပြီး...

" သားက MR.Lee တို့အိမ်က မဟုတ်လား... ဒီအချိန်ကြီး ဘာများဖြစ်လို့လဲ သား "

" အန်တီ... GD အိမ်မှာရှိလားဟင် သူနဲ့တွေ့ချင်လို့ပါ "

အန်တီဧ။် မျက်နှာအမူအရာက ခန့်မှန်းရခက်သောဟန်ပန်နှင့်အတူ မကောင်းသော အခြေအနေတစ်ခုကို ဖုန်းကွယ်ချင်နေပုံရဧ။်။

" သား အခုက ညအတော်လေးနက်နေပြီ.. မနက်မှပြန်လာပါလား သား..."

" အန်တီ... GD တခုခုဖြစ်နေလို့လားဟင်... သားကို သူနဲ့ပေးတွေ့ပါနော် ကျေးဇူးပြုပြီး..."

Seungriဧ။် မျက်ဝန်းမှ မျက်ရည်စတွေ လိမ့်ဆင်းကျလာသည်ကို မြင်တွေ့တော့ GD ဧ။် မိခင်က အံသြမှုတစ်ဝက်၊ စိတ်မကောင်းဖြစ်ခြင်းတစ်ဝက်ဖြင့်။ ထိုစဉ် အိမ်အတွင်းမှ ထပ်မံထွက်လာလေသူ Daesung က Seungri ကိုမြင်လေသည်နှင့်...

" Seungri Hyung ..."

Daesung ကိုမြင်တော့ Seungri အားကိုးတကြီးပင်...

" GD နဲ့ ပေးတွေ့ပါ Daesung... သူအဆင်ပြေရဲ့လား "

Daesung က Seungri ဧ။် သနားစဖွယ်မေးမြန်းနေသည်ကို ကြည့်ကာ ပူဆွေးစွာဖြင့် သူ့မိခင်ဘက်သို့လှည့်၍...

" မေမေ... Seungri Hyung က အကိုရဲ့ဖြစ်တည်မှုနဲ့ ကျွန်တော့်တို့မိသားစုရဲ့ သမိုင်းကြောင်းကို သိတယ်... အကိုနဲ့ Seungri Hyung ကို ပေးတွေ့လိုက်ပါ... "

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now