Halloween 🎃🖤🎃 Chapter (10)

150 13 0
                                    

Halloween 🎃🖤🎃

Chapter (10) The beginning 🖤

ဘိုးဘေးစဉ်ဆက် ကြွယ်ဝချမ်းသာခြင်းကတောင် ပျော်ရွှင်မှုကို အပြည့်အဝမပေးနိုင်ဘူး။

Top မှာ မိမိမျက်စိရှေ့က စိမ်းလဲ့လဲ့တောက်ပနေတဲ့ မှော်ဖန်လုံးကို ကတ္တီပါ အဝတ်စအနီရောင်ဖြင့် ပြန်အုပ်လိုက်ဧ။်။

အလိုမကျတဲ့စိတ်ခံစားချက်ကြောင့် တည်ငြိမ်တဲ့သူ့မျက်နှာ၌ ​ကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခုက အထင်းသားပင်။

Lee Seungri ဆိုတဲ့ ကောင်လေးကို သူစိတ်ဝင်စားမိသည်။

သာမန်ထက်ထူးခြားနေတဲ့ သူ့ဖြစ်တည်မှုက မိမိကိုဆွဲဆောင်ထားတာလား။ ဒါမှမဟုတ် မသိစိတ်မှာကိုက စွဲလမ်းနေတာလား။

ဒီကမ္ဘာမှာ နေထိုင်ရတာကြာလာလို့ မိန်းကလေးတွေအပေါ် စိတ်ခံစားချက် ရိုးအီသွားပြီး ယောက်ျားတစ်ယောက်ကို ရင်ခုန်သွားမိသည်ဟု မိမိကိုယ်ကိုဝန်ခံသင့်တဲ့ အနေအထား ဖြစ်နေပြီလား။

တောက်....

ဒေါသရိပ်များဖုံးလွှမ်းနေတဲ့ တောက်ခေါက်သံ ကျယ်ကျယ်က G-dragon လို့ခေါ်တဲ့ ဟိုလမ်းသရဲကောင်ကြောင့်ပေ။

Lee Seungri အနားမှာ အဲဒိကောင်ရှိနေတိုင်း မှော်ဖန်လုံးမှတဆင့် Seungri ဧ။် လှုပ်ရှားမှုကို ကြည့်မရတော့ပေ။

G-dragon ရဲ့ အကာအကွယ်က Lee Seungri အပေါ် အတော်လေး သက်ရောက်မှုရှိတာမို့ မိမိမြင်ချင်တဲ့ ထိုကောင်လေးရဲ့ မျက်နှာလေးကိုတောင်မမြင်ရ။

အသုံးမကျတဲ့ ဒီဖန်လုံးကို ရိုက်ခွဲပစ်လိုက်ချင်ပေမယ့် ဖခင်ဧ။် တန်ဖိုးထားသောအရာမို့ စိတ်ကိုပြန်ချုပ်တည်းလိုက်ရဧ။်။

အခန်းဘေးထောင့်မှ ဖန်ပုလင်းကို ဆွဲယူပြီး ခွက်နဲ့ပင် ထည့်မနေတော့ပဲ တချိုက်တည်း ​မော့သောက်လိုက်တော့မှ ပြန်လည်၍ လန်းလန်းဆန်းဆန်းဖြစ်လာရသည်။

" Brother... ဒီမှာကြည့် Halloween ပွဲအတွက်ပြင်ဆင်ထားတဲ့ ကျွန်တော့်ရဲ့ဝတ်စုံ..."

အခန်းတံခါးဝသို့ရောက်ရှိလာသော အငယ်ကောင် B.I က သူ့လက်ထဲမှ ရှေးဆန်သော နီညိုရောင်ရှိသည့် အနောက်တိုင်းဝတ်စုံကို လှမ်းပြလေဧ။်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now