Halloween 🎃🖤🎃
Chapter (5) Midnight 🖤
ကယ်လီဖိုးနီယားညရှုခင်းက မီးရောင်ထိန်ထိန်ညီးလျက်။
ကားများဧ။် ကြားမှ ဖြတ်ကာ မြွေလိမ်မြွေကောက်မောင်းနှင်နေတဲ့ ဆိုင်ကယ်ပေါ်ရှိ လူငယ်နှစ်ဦးက အော်ဟစ်ပျော်မြူးနေဆဲ...
GD တစ်ယောက် ရင်ခုန်သံတွေ မြန်နေလေသည်။ မိမိဧ။် အနောက်ထိုင်ခုံမှ ကိုးရီးယားလူမျိုးကြောင့်လား။ မကြာခင် ရောက်ရှိတော့မည့် နေရာကြောင့်လား။ ဘာကြောင့်မှန်း သေချာမသိပေမယ့် သူ့ရင်တွေခုန်နေဧ။်။
မိမိခါးကို သိုင်းဖက်ထားတဲ့လက်တစ်စုံက GDရဲ့ အထီးကျန်မှုတွေ ခဏတာ လွင့်ပျောက်သွားစေတာတော့ အမှန်ပဲ။
ဒီအခိုက်အတန့်လေးကို ဟိုးအရင်ကတည်းက သူမျှော်လင့်ခဲ့ဖူးသလို ခံစားရချိန်၌ လမ်းကြားငယ်တစ်ခုအတွင်းသို့ ဆိုင်ကယ်ကို အရှိန်မလျှော့ပဲ ချိုးကွေ့လိုက်သည်။
အနောက်မှ အော်ရယ်သံနှင့်အတူ ခပ်တင်းတင်းဖက်လိုက်သဖြင့် မိမိအကြံအောင်မြင်သွားလေဧ။်။
ဒီလိုနေရာတွေက Seungri လို လူစားမျိုးနှင့် သိပ်မအပ်စပ်ဖူးလို့ တွေးမိပေမယ့် သူ့ဆီက ရယ်သံကြောင့် GD စိတ်သက်သာရာ ရမိလေသည်။
ဆိုင်ကယ်ကို အစိမ်းရောင်ဆိုင်းဘုတ်အနီး၌ ထိုးရပ်လိုက်ပြီး...
" ရောက်ပြီ..."
ဘယ်နေရာမှန်းမသိပေမယ့် GD ကို ပုံအပ်ကာ ယုံကြည်ထားပုံပေါ်လေပြီး Seungri က မေးခွန်းတွေ များများစားစား မမေးမြန်းပေ။
သူ မေးသည့် မေးခွန်းက ရှင်းဧ။်။
" ပျော်ရမယ် မဟုတ်လား..."
Seungri ဒီနေရာတွင် ပျော်ပါ့မလား သူသေချာ တပ်အပ်မပြောနိုင်ပေမယ့် သူကတော့ ဒီနေရာကို အတော်လေး သဘောကျသည်။
" မင်း ပျော်သွားမှာပါ... မပျော်ဖူးလို့ ခံစားရရင် ချက်ချင်းပြော အခြားနေရာလိုက်ပို့ပေးမယ်..."
ဖခင်သင်ကြားပေးထားသလိုပင် G-dragon ဆိုသူက မိုက်ကန်းရင် မိုက်ကန်းမယ်။ ဒါပေမယ့် မိမိနှင့်ပတ်သက်တဲ့ ကိစ္စတွေကိုတော့ တာဝန်ယူချင်စိတ်ရှိရမယ် မဟုတ်လား။
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
Horror#Nyongtory, #Bigbang, #Horror, #Supernatural