Halloween 🎃🖤🎃
Chapter (9) Under the Moon 🌚
ဂျွတ်...
အသံထွက်ပေါ်လာရာ နေရာသို့ နှစ်ဦးသား အလန့်တကြားပင် လှမ်းကြည့်လိုက်ကြသည်။
တောက်ပနေတဲ့ အနီရောင် မျက်ဝန်းတစ်စုံရှိသည့် အလွန်တရာကြီးမားသော ဝံပုလွေညိုတစ်ကောင်က တူးမြောင်းအစပ်၌ မိမိတို့ကို ငုံ့ကြည့်လို့နေဧ။်။
G-dragon က သူ့ဦးခေါင်းကို မြေသားနှင့်မထိရုံတမယ် ဦးညွှတ်လိုက်တော့ ဘေးမှ Seungri မှာ ဘာမှန်းမသိသော်လည်း လိုက်ပါ ဦးညွှတ်မိဧ။်။
GD က လေသံတိုးတိုးဖြင့် ...
" အဲဒါ ဒိုင်းယားဝံပုလွေ နတ်ဘုရားတစ်ပါးပဲ... "
Seungri လည်း GDဧ။် စကားကြောင့် အရင်ကထက် ပို၍ ဦးခေါင်းကို ညွှတ်ကွေးလိုက်မိတော့သည်။
ဝံပုလွေနတ်ဘုရားကိုယ်တိုင် သူတို့ဆီရောက်လာခြင်းက အကောင်းလား အဆိုးလားတော့ မသိပေ။
လွန်ခဲ့သော မိနစ်များစွာက မြက်ပင်ရှည်ကြားထဲ မိမိထံ တိုးကပ်လာတဲ့ အနီရောင်တောက်ပနေတဲ့ မျက်ဝန်းတစ်စုံက ထိုဝံပုလွေနတ်ဘုရားဖြစ်နေလောက်မည်ဟု အခုမှ ပြန်တွေးမိစဉ် ဘေးမှ GD က နတ်ဘုရားနှင့် စိတ်ထဲမှ စကားပြောနေသည့်အလား အသံမထွက်ပေမယ့် ခေါင်းတညိတ်ညိတ်လုပ်ပြနေသည်။
Seungri လည်း ငြိမ်ငြိမ်သက်သက်သာ ဆက်နေလိုက်မိဧ။်။
ခဏကြာတော့ ဝံပုလွေနတ်ဘုရားက လွှားကနဲဖြင့် တူးမြောင်းတဖက်ခြမ်းဆီ ခုန်လျက် အမှောင်ထဲ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားလေဧ။်။
အခြေအနေက ဘာမှန်းမသိသေးတာမို့ ခေါင်းကို ဆက်လက်ငုံ့ထားဆဲရှိသော Seungri ကို GD က..
" ခေါင်းထောင်လို့ရပြီ..."
ထိုအခါမှ မိမိမှာ ခေါင်းပြန်ထောင်လိုက်ရင်း...
" သွားပြီလား... "
GD က ဆံစလေးတွေကို အသာပွတ်သပ်ပေးပြီး...
" အင်း သွားပြီ... မင်း ကြောက်နေသေးလား ..."
" ငါ့အနားမှာ မင်းရှိတာပဲ... သိပ်မကြောက်တော့ပါဘူး... ဒါနဲ့ ဒီတူးမြောင်းထဲ ပြုတ်မကျခင်က ဝံပုလွေနတ်ဘုရားက ငါ့ဆီလာသေးတယ်... ငါလည်း ဘာမှန်းမသိတော့ မျက်လုံးမှိတ်လိုက်တာနဲ့ အခြားနေရာတစ်ခုကို ရောက်သွားရောလေ..."
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
رعب#Nyongtory, #Bigbang, #Horror, #Supernatural