Halloween 🎃🖤🎃 Chapter (12)

134 13 4
                                    

Halloween 🎃🖤🎃

Chapter (12) Reason 🖤

Seungri တစ်ယောက် သူ့လက်ကောက်ဝတ်တွင် GD ကိုယ်တိုင် ချိတ်ဆွဲဝတ်ဆင်ပေးထားသော ကြိုးအနီစမှ ခြူလုံးလေးကို စိတ်ဝင်တစားငေးကြည့်နေမိသည်။

မိမိထပ်မံပျောက်ဆုံးသွားမည်ကို စိုးရိမ်နေသေးသည့် ညီမလေးက အနားမှ ဖားပျံလေးတစ်ကောင်ကဲ့သို့ တွယ်ကပ်လျက်။

" အိုပါး... အဲဒါ GD ပေးတာမလား... နင်ကလေ ဘယ်သွားလည်း မေးတော့လည်း ဝေ့လည်ကြောင်ပတ်လုပ်နေတယ် GD နဲ့ အိုပါးတို့ကြားမှာ ဘယ်လိုပတ်သက်နေလဲ မေးတော့လည်း တိတိကျကျမဖြေပြန်ဖူး... "

နှုတ်ခမ်းစူဆောင့်အောင့်ရင်း တတွတ်တွတ် ပွစိပွစိလုပ်နေသော ညီမလေးဧ။် လက်ဖဝါးနှစ်ဖက်ကို Seungri စုကိုင်လိုက်ပြီး...

" အရေးမကြီးတဲ့အရာတွေမို့ မပြောပြတာပါ... အရမ်းစိတ်ပူမနေနဲ့ ဟုတ်ပြီလား... ဒီနေ့ ညနေသင်တန်းရှိတယ် သင်တန်းချိန်ပြီးရင် အပြင်မှာပဲ ညစာစားခဲ့ကြရအောင် Hyo Rin ကြိုက်တာ လိုက်ဝယ်ကျွေးမယ်..."

အစားသရဲမလေး Hyo Rin က အစားအသောက်အကြောင်း ကြားသည်နှင့် စိတ်နည်းနည်းပြေသွားပုံဖြင့်...

" ဟော့ပေါ့သွားစားရအောင် ရာသီဥတု အေးလာပြီဆိုတော့ ပူပူစပ်စပ်လေး စားချင်နေတာ ဒါနဲ့ Sun ကိုလည်း အတူခေါ်သွားကြမယ်နော်..."

Seungri က သူ့အကွက်ထဲ ဝင်လာသော ညီမဖြစ်သူကို...

" ငါ့ကိုသာ GD နဲ့ ဘာလဲမေးနေတာ ညီမလေးကရော Sun နဲ့က သူငယ်ချင်းပတ်သက်မှုပဲ ဟုတ်ရဲ့လား..."

ထမင် စူးစူးစိုက်စိုက်ကြည့်ပြီး မေးလိုက်တော့ Hyo Rin ဧ။် မျက်ဝန်းဝိုင်းလေးက သိသိသာသာ လှုပ်ရှားသွားရင်း ပန်းနုရောင်ပါးပြင်ထက်မှာ ရှက်သွေးတွေဖြာလျက်။

" အိုပါးနော် ငါတို့က ငယ်သူငယ်ချင်းတွေပါ... နင်မဟုတ်တာတွေ လျှောက်ပြောမနေနဲ့..."

" ဟား... သူငယ်ချင်းဆိုပြီး နင်အခု ဘာလို့ရှက်နေတာလဲ... Hyo Rin ငါလည်း ငယ်ရာက ကြီးလာတာပါဟ Sun က ညီမလေးကို ချစ်နေတယ်ဆိုတာ သေချာတယ် အခုလို အချစ်စစ်ဆိုတာ ရှားပါးနေတဲ့ခေတ်ကာလကြီးမှာ ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတွေ့ရင် လက်လွှတ်မခံသင့်ဖူးနော်..."

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now