Halloween 🎃🖤🎃 Chapter (25)

49 12 8
                                    

[Zawgyi]
Halloween 🎃🖤🎃

Chapter (25) Unexpected Truth 🧛🏻🤯

Seungri မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းပုံရိပ်အား မျက်စိထဲမှ အခုထိဖျောက်ဖျက်လို့ မရသေးချေ။ ရုတ်တရက် လာရောက်ထိတွေ့တဲ့ အေးစက်စက်အထိအတွေ့ကြောင့် အတော်လေး ထိတ်လန့်လို့သွားရဧ။်။

GD ရဲ့ လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့်တိုင် ကြောက်စိတ်တွေက ခန္ဓာကိုယ်အနှံ့ နေရာယူလျက်ဖြင့်။

" Seungri " ဟု ခေါ်ဆိုလိုက်တဲ့ ရင်းနှီးနေသော ခပ်သြသြအသံကြောင့် GD နဲ့ Seungri တပြိုင်နက်တည်း လှည့်ကြည့်မိကြသည်။

" Top... "

Seungri ရဲ့ ထိတ်လန့်ခြောက်ခြားနေဆဲ အမူအရာကြောင့် Top က ပြာပြာသလဲဖြင့်...

" ဘာဖြစ်လို့လဲ Seungri "

" Top... သူတို့... သူတို့တွေက " Seungri နှုတ်ဖျားမှ စကားလုံးတွေက ချောချောမွေ့မွေ့ ထွက်မလာဘဲ အသံတွေတုန်ရီနေသည်။ သို့ရာတွင် ကြိုးစား၍ ထပ်မံပြောလိုက်သည်ကား...

" သွေးစုပ်ကောင် (Vampire) ကို ငါ စောနက မြင်ခဲ့တယ်..."

Top ရဲ့ ပုလဲတမျှဖြူလဲ့ပြီး သွေးရောင်မရှိတဲ့ သူ့မျက်နှာက ပိုမို ဖြူဆွတ်သွားတော့ဧ။်။ Top ဘာစကားမျှ ပြန်မဖြေကြားပဲ ငြိမ်သက်နေသဖြင့် မိမိဘေးမှ GD က စိတ်မရှည်တော့သည့်ဟန်ဖြင့် ခပ်ပြင်းပြင်း လက်သီးတစ်ချက်က Top ရဲ့ မေးရိုးပေါ်သို့ ခွက်ကနဲ ကျရောက်သွားချေပြီ။

Seungri အံ့အားသင့်နေစဉ်မှာပင် GD က အတော်လေး ဒေါသထွက်နေလျက် Top ရဲ့ အင်္ကျီကော်လံစကို ဆွဲကိုင်ရင်း...

" ဒီလိုကိစ္စတွေ ပြဿနာတွေ ဖြစ်လာမယ်ဆိုတာ မင်း ကြိုတွေးထားသင့်တယ်... မင်းရဲ့ မဆင်မခြင် ဖိတ်ကြားမှုကြောင့် Seungri နဲ့ အခြားသူတွေ ထိခိုက်သွားရင် မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ် Top "

ဒေါသထွက်လွယ်တဲ့ GD ရဲ့မျက်နှာက အခုဆို ကြောက်ရွှံစဖွယ် နီမြန်းလို့နေဧ။်။ GD ဒီလောက်ထိ ဒေါသထွက်တာမျိုး အရင်က Seungri မမြင်တွေ့ခဲ့ဖူးဘူး။

အခုအခြေအနေကို ဘယ်လိုနားလည်ရမှန်း မသိသေးတဲ့ Seungri က အချင်းချင်း ခိုက်ရန်ဖြစ်သွားမှာ စိုး၍ GD ကို ဆွဲခေါ်၍ စိတ်လျော့ရန် ဆိုနေမိသည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now