[Zawgyi]
Halloween 🎃🖤🎃
Chapter (22) Born to be wild
GD အားနည်းနေတဲ့အချိန်ရောက်မှ ရုတ်တရက် ဆင့်ခေါ်ခံရသလို အမှောင်ကမ္ဘာထဲ ရောက်ရှိသွားရတဲ့အဖြစ်က Seungri အတွက် အတော်လေး ကျဉ်းထဲကြပ်ထဲ ရောက်စေတဲ့အနေအထားမျိုးပင်။
သမန်းဝံပုလွေပုံစံဖြင့် တအီအီညည်းညူနေရှာတဲ့ GD က တဖက်။ ပိန်းပိတ်အောင် မည်းမှောင်နေတဲ့ အမှောင်ကမ္ဘာက တဖက်။
တအာအာ ထိုးအော်နေတဲ့ ကျီးငှက်တွေရဲ့ အသံစူးစူးက Seungri ကို ပိုမိုထိတ်လန့်စေဧ။်။
ဤအရပ်ဒေသသို့ရောက်လေတိုင်း မကောင်းတဲ့အရာ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့နေတာမို့ ဖြစ်လာမည့် အန္တရာယ်ကို ကြိုတင်တွေးကာ နာကျင်ပင်ပန်းနေရှာတဲ့ GD ကို ကာကွယ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
ထိုစဉ် ဖြူလွလွအရာတစ်ခုက Seungri အနားသို့ မျောလွင့်လာသည့်အတွက် Seungri ကြောက်ရွှံ့နေသည့်ကြားမှ သက်ပြင်းချကာ ပြုံးလိုက်မိဧ။်။
" မေ မေ... "
" သား... သားကိုပြောစရာရှိလို့ ခေါ်လိုက်တာ... ဒါနဲ့ ဒီဝံပုလွေငယ်က ဘယ်သူလဲ "
" မေမေ ဒါက သားချစ်သူပါ... "
Seungri ရဲ့ စကားကို မိခင်အံ့အားသင့်သွားမည်မှန်း သိသော်လည်း သူနဲ့ GD ရဲ့ချစ်ခြင်းကို မေမေကို အမှန်အတိုင်းပြောပြချင်မိဧ။်။
မေမေက အင်အားချည့်နဲ့ နေရှာတဲ့ GD ကို အသာကြည့်ကာ...
" သားနဲ့ ဒီကောင်လေးမှာ ထူးခြားတဲ့ ရေစက်ရှိနေတာပဲ... သားအနားမှာ တစ်စုံတစ်ဦး ရှိနေတာကိုတွေ့ရတော့ မေမေ စိတ်ချသွားပါပြီ "
" မေမေ နေပါဦး... ကျွန်တော် ဘာလို့် ဒီအမှောင်ကမ္ဘာထဲ မကြာခဏ ရောက်ရောက်နေရတာလဲ ပြီးတော့ မေမေရော ဘာလို့ ဒီမှာရှိနေတာလဲ... "
" သားမှတ်မိလား... မေမေ ပြောပြဖူးတဲ့ အလင်းသခင်မ အကြောင်းလေ... "
" အင်း မှတ်မိတယ် "
" သားက အလင်းသခင်မရဲ့ မျိုးဆက်ပဲ... သားက အလင်းရောင်တို့ရဲ့ မူလအရင်းအမြစ်ဖြစ်တာမို့ အမှောင်ကို သား ကြောက်ရွှံ့နေစရာ မလိုဘူး... မေမေ ပြောတာ မှတ်ထားနော်... နောက်ပြီး ဒီဝံပုလွေငယ်ကို ကြည့်ရတာ နာကျင်နေပုံပဲ သားက ချစ်ခြင်းမေတ္တာတွေ ပေးလိုက်ရင် သူ သက်သာသွားပါလိမ့်မယ်... မှာစရာတွေလည်း မှာပြီးပြီမို့ မူလနေရာကို ပြန်တော့ သား... "
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
Horror#Nyongtory, #Bigbang, #Horror, #Supernatural