Halloween's Special Chapter 🎃

97 8 0
                                    

Halloween's Special Chapter

Jack O' Latern 🎃 မီးအိမ်လူသား Jack

ဟိုးရှေးရှေးတုန်းက အိုင်ယာလန်ဒေသရဲ့ သေးငယ်တဲ့ရွာငယ်လေးတစ်ခုမှာ Stingy Jack (ကပ်စေးနဲ ဂျက်) ဟု အမည်တွင်တဲ့ အရက်သေစာသောက်စားခြင်းကို လွန်စွာ နှစ်ခြိုက်တဲ့ အိုင်းရစ်လူမျိုး ယစ်ထုတ်တစ်ဦးရှိလေရဲ့။

သူဟာ ကပ်စေးနဲရုံမက ဥာဏ်နီဥာဏ်နက်များလွန်းတာကြောင့် ရွာထဲရှိ လူတိုင်းလိုလိုဟာ သူ့ရဲ့ လိမ်လည်လှည့်ဖျားမှုကို မခံရသော ရွာသားဟူ၍ မရှိချေ။

Jack ရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို ငရဲပြည်မှ ငရဲမင်း ​စေတန်က ကြားသိခဲ့သည့်အခါ Stingy Jack ရဲ့ ဝိညာဉ်ကို နှုတ်ယူရန်အတွက် လူ့ကမ္ဘာကို ရောက်ရှိလာခဲ့တော့သည်။

တစ်နေ့သော ညနေခင်းတွင် မူးရူးနေဆဲ Jack က ထုံးစံအတိုင်း အရက်ဆိုင်မှ အိမ်သို့ပြန်ရာတွင် ရွာထဲရှိ လူခြေပျက်တဲ့ ကျောက်စရစ်တွေခင်းထားတဲ့လမ်းတစ်ခုကို ဖြတ်သန်းလာခဲ့ရင်း လမ်းခုလတ်မှာ ကန့်လန့်ဖြတ်အနေအထားဖြင့် လဲလျောင်းနေတဲ့ လူပုံသဏ္ဍာန်ကြောင့် အနားသို့ကပ်၍ စူးစမ်းမိလေဧ။်။

မလှုပ်မယှက်လှဲလျောင်းနေတဲ့ ထိုသူဧ။်မျက်နှာကို မြင်တွေ့ရတော့ Jack မှာ အတော်လေး ထိတ်လန့်ခြောက်သွားရကာ ​ကြောက်မက်ဖွယ်ကောင်းသော စေတန်ဧ။် မျက်နှာကြောင့် ဒါကသူ့ဝိညာဉ်ကို လာရောက်နှုတ်ယူရန် ရောက်ရှိနေကြောင်း သတိထားမိသွားကာ သူ့အကျင့်အတိုင်း ဥာဏ်နီဥာဏ်နက်များ ထုတ်သုံးလျက် စေတန်ကို လှည့်စားရန် ကြိုးစားလိုက်တော့သည်။

သူ့ဝိညာဉ်ကို ယူနိုင်ပါသည်။ သို့သော် ငရဲပြည်ကို ခေါ်ဆောင်မသွားခင်လေး သူနှစ်သက်တဲ့အရက်ဆိုင်မှာ နောက်ဆုံးအနေနဲ့ အရက်သောက်ခွင့်ပြုပေးဖို့ တောင်းဆိုလေတော့ စေတန်က Jackရဲ့ နောက်ဆုံးဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဟုတွေးကာ ထိုဆန္ဒအား လိုက်လျောပေးလိုက်ဧ။်။

လူလည် Jack တစ်ယောက်မှာ စေတန်ကို သူနဲ့အတူ အရက်ဆိုင်တစ်ခုကို ခေါ်သွားလိုက်ရင်း အရက်ဖိုးရှင်းဖို့် အချိန်ကျလာတဲ့အခါမှာတော့ ကလိမ်ကကျစ်ဥာဏ်ဖြင့် နှစ်ဦးစလုံး အရက်ဖိုးရှင်းစရာမလိုပဲ ဒီကနေ ထွက်သွားလို့ရမယ့် နည်းလမ်းတစ်ခု Jack က သူ့မှာ ရှိကြောင်းပြောပြန်လေတော့ စေတန်ကလည်း Jack ရဲ့ လိမ်လည်လှည့်စားတတ်တဲ့ ပုံစံအမှန်ကို မျက်မြင်ထင်ရှား ​တွေ့မြင်ချင်နေတာကြောင့် Jack ပေးတဲ့ အကြံအစည်ကို လက်ခံလိုက်သည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now