Halloween 🎃🖤🎃 Final Chapter (29)

91 13 4
                                    

[Zawgyi]
မနှစ်က စရေးခဲ့တဲ့ Halloween Fic လေးကို ဒီနှစ် Halloween Day (ဟောလိုးဝင်းပွဲတော်နေ့ရက်) မှာ အဆုံးသတ်နိုင်ခဲ့ပါပြီ။
အစကနေ အဆုံးထိ စောင့်မျှော်အားပေး ဖတ်ရှု့ပေးခဲ့ကြသော စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ရှိလျက်....

Halloween 🎃🖤🎃

Final Chapter (29) Next Halloween Day 🎃

အဆုံးအစမရှိသော မီးခိုးရောင်လွင်ပြင်ကျယ်ထဲ ဝံပုလွေတစ်ကောင် ဦးတည်ရာမဲ့ ပြေးလွှားလျက်...

မှတ်ဉာဏ်၊ ခံစားချက်နှင့် အသိစိတ် အားလုံးနီးပါး ပျောက်ဆုံးနေသော ထိုဝံပုလွေမှာ နာကျင်ရကောင်းမှန်းမသိ ၊ ရပ်တန့်ရကောင်းမှန်းမသိလေဘဲ မောဟိုက်တုန်ရီနေသည်အထိ ဆက်လက်ပြေးနေဆဲပင်။

စိတ်ဝိညာဉ် ကင်းမဲ့နေတဲ့ ဝံပုလွေတစ်ကောင်ဧ။် အဓိပ္ပါယ်မဲ့သော လုပ်ရပ်အား ထိုဝံပုလွေ ကိုယ်တိုင်လည်း နားလည်လိမ့်မည်ဟန်မပေါ်ပေ။

မီးခိုရောင်သစ်ပင်တွေက တောင်ခြေတလျှောက် မညီမညာပေါက်ရောက်လို့နေကာ မြေပြင်ဧ။် အရောင်ကာလာမှာလည်း မီးခိုရောင်သမ်းနေလေသည်။

မီးခိုရောင်တမျိုးတည်းသာရှိတဲ့ လွင်ပြင်ကျယ်ထဲတွင် မရပ်မနားပြေးလွှားနေရတဲ့ ဒီဝံပုလွေရဲ့ အဖြစ်က ဘယ်တော့မှမပြီးဆုံးနိုင်သော စက်ကိရိယာတစ်ခုဧ။် ဂီယာကဲ့သို့ ရွှေ့လျားဆဲ ရွှေ့လျားမြဲ...

မီးခိုရောင်တိမ်စိုင်များကြားမှ လမင်း အလင်းရောင် ထွန်းလင်းတောက်ပလာချိန်၌ ရုတ်တရက် ကျယ်လောင်စူးရှတဲ့ ဆွဲဆွဲငင်ငင်အူလိုက်သော ဝံပုလွေအူသံတစ်သံ ထွက်ပေါ်လာလေပြီး ဝံပုလွေငယ်ကို ရီမုဒ်နဲ့ လှမ်းထိန်းလိုက်သလို အဓိပ္ပါယ်မဲ့ ပြေးလွှားနေခြင်းမှ ခေတ္တရပ်တန့်သွားစေလေသည်။

အသံလာရာအရပ်ဆီသို့ ဝံပုလွေငယ် တရွေ့ရွေ့ ချဉ်းကပ်လိုက်သောအခါ အနီရောင်မျက်ဝန်းနဲ့  ကြီးမားခန့်ညားသော ဝံပုလွေကြီးတစ်ကောင်က သူ့အား စောင့်မျှော်နေသည်ကို မြင်တွေ့ရလေဧ။်။

ဝံပုလွေနတ်ဘုရားက ဝံပုလွေငယ်အား ကြင်နာစွာကြည့်ရှုလျက်....

" သားငယ်... ပြေးလွှားခြင်းကို ရပ်တန့်ပါလော့... "

ထိုစကားသံက ဝံပုလွေငယ်ဧ။် စိတ်နှလုံးသားကို အေးမြသွားစေပြီးလျှင် မျှော်လင့်ချက်မဲ့ပြေးလွှားနေခြင်းကိုလည်း ထာဝရ ရပ်တန့်သွားပါသည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now