[Zawgyi]
Halloween 🎃🖤🎃
Chapter (17) Entrance ⬛
*လူတိုင်းရဲ့ အချစ်ဦးက တကယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုလို ခမ်းနားလွန်းတယ် မဟုတ်လား။
ကိုယ့်မှာ အခွင့်အရေးသာ ထပ်ရှိခဲ့မယ်ဆိုရင် ငါနောက်တစ်ခေါက် မင်းကိုပဲ ထပ်ချစ်မိမှာပါ။*GD ကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်ကားတစ်ခုမှ ဒီစာသားလေးကို တချိန်က ခံစားချက်မပါဘဲ ကြည့်ခဲ့မိပေမယ့် Seungri ကိုချစ်မိသည့်အချိန်မှာတော့ ဒီစကားလုံးတွေအနောက်က နက်ရှိင်းတဲ့ အဓိပ္ပါယ်တွေ၊ ခံစားချက်တွေကို သူကိုယ်တိုင် နားလည်ခံစားခဲ့ရလေပြီ။
ပုံမှန်ဆို Top တို့ မျိုးနွယ်စုနဲ့ မိမိတို့က သမိုင်းကြောင်းအရရော၊ နေထိုင်ပုံကအစ မတူညီဘဲ ကွဲပြားချက်တွေများစွာနဲ့မို့ အခြားမျိုးနွယ်စုတွေထက် သီးခြားနေထိုင်ခဲ့ကြတာ ဟိုးအရင်ဘိုးဘေးဘီဘင်များ လက်ထက်ကတည်းကပင်။
အခုတော့ မိမိတို့်နှစ်ဦးကြားမှာ Lee Seungri က ပါဝင်ပတ်သက်နေပြီဖြစ်သဖြင့် ထိုမျိုးနွယ်စုနဲ့ မပတ်သက်ချင်ပေမယ့် တွေ့ဆုံရန် ချိန်းဆိုပွဲတစ်ခု စီစဉ်လိုက်ကြရသည်။
Seungri ကို နှစ်ဦးစလုံး အလေးအနက်ထားကြမှန်း သိသာလွန်းလှဧ။်။ နှစ်ဖက်စလုံးက သွေးသားအရင်းတစ်ယောက်စီကိုသာ ခေါ်လာကြသည်က လွဲ၍ ဒီတွေ့ဆုံမှုကို ဇာချဲ့လိုခြင်းမရှိကြပေ။
ညနေ နေဝင်ရီသရော အချိန်သို့ရောက်ရှိလာလေတော့ တာဘိုအရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာတဲ့ အနီရောင်ပြိုင်ကားတစ်စီးက GD တို့အနီးအနားသို့ ထိုးရပ်လိုက်လေသည်။ သားနားသပ်ရပ်စွာ ဝတ်စားထားကြသော ဂုဏ်ကျက်သရေကို ဦးထိပ်ပန်ဆင်ကာ ကိန်းကြီးကန်းကြီးနိုင်လှတဲ့ မျက်နှာပေးမျိုးနဲ့ Top တို့ညီအစ်ကိုနှစ်ဦးက ကားပေါ်မှ အသီးသီး ဆင်းသက်လာကြဧ။်။
" မြန်မြန်လာ မင်းတို့ကို စောင့်ရတာ ကြာလိုက်တာ... "
နေဝင်ချိန်အထိ စောင့်စားနေရတာမို့ GD နဂိုစိတ်ရင်းကိုက စိတ်မရှည်တတ်သူဖြစ်တာကြောင့် Top ကို တွေ့သည်နှင့် အပြစ်တင်သောစကားတို့နဲ့ စတင်နှုတ်ဆက်မိသည်။ ရှူးရှူးရှားရှားဖြင့် ဒေါသထွက်သွားသူ B.I ကို Top က မှင်သေသေမျက်နှာထားနဲ့ တားမြစ်လိုက်ရင်း...
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
Horror#Nyongtory, #Bigbang, #Horror, #Supernatural