Halloween 🎃🖤🎃 Chapter (28)

58 12 6
                                    

[Zawgyi]
Halloween 🎃🖤🎃

Chapter (28) Darkness Prince 💀

အသိစိတ်ကင်းလွတ်နေသော Top ကို မြင်တွေ့လိုက်ရ၍ Seungri အလွန်တရာ အံသြတုန်လှုပ်သွားရဧ။်။

GD က လျှင်မြန်စွာပင် သမန်းဝံပုလွေသဏ္ဍာန် ပြောင်းလဲလိုက်ပြီးလျှင် Seungri တို့အရှေ့မှာ အကာအကွယ် တံတိုင်းတခုအဖြစ် မားမားမတ်မတ်ရပ်တည်လျက်...

အန်တီက သားဖြစ်သူ Top အမည်နာမအား တကြော်ကြော် အော်ခေါ်ရင်း...

" Top... သား အသိစိတ်လွတ်မသွားစေနဲ့... သားရဲ့ဝိညာဉ်ကို အမှောင်မင်းသား ဆီမှာ မကျဆုံးစေနဲ့ သား..."

အန်တီထံမှ သတိပေးစကားသံကြောင့် အမှောင်မင်းသားဝင်ပူးခံနေရသော Top မှာ အသိစိတ်ပြန်လည်လာ၍...

" မာမီ... အာ့... "

စက္ကန့်ပိုင်းမျှသာ သတိပြန်ဝင်လာပြီးသည်နှင့် အမှောင်မင်းသားရဲ့ အားကောင်းလှသော လွှမ်းမိုးမှုအောက်သို့ တဖန်ညှို့ယူခြင်း ခံလိုက်ရပြန်သည်။

လေဟာနယ်ထဲ ဝဲပျံတက်နေတဲ့ Topရဲ့ ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် အနက်ရောင်အခိုးငွေ့တွေက ရစ်ပတ်လွှမ်းခြုံလာလေပြီး မှောင်မိုက်ခြင်းနယ်ပယ်ဖြစ်သော မရဏတောင်ကြားရပ်ဝန်းတွင် အရင်ကထက် အမှောင်ထုထည် ပိုမိုသိပ်သည်း ကြီးစိုးလာလေတော့ဧ။်။

အမှောင်ထုကြားမှ အနက်ရောင်အငွေ့များစွာ ရုတ်တရက်ထိုးထွက်လာကာ Seungri တို့အနီးသို့ရောက်ရှိချိန်တွင် ထိုအငွေ့များက ကြီးမားသောလက်ဖဝါးများအဖြစ် ပြောင်းလဲသွားလေပြီး Seungri တို့ကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်လို့နေသည်။

GD က သွက်လက်သော လှုပ်ရှားမှုတို့ဖြင့် ထိုလက်များဆီမှ လွတ်အောင်ရှောင်တိမ်းရင်း တဖက်ကလည်း Seungri ဖမ်းဆီးခြင်းမခံရအောင် အကာအကွယ်ပေးသေးဧ။်။

တိုက်ခိုက်ရာတွင် အတွေ့အကြုံများစွာရှိခဲ့သော အန်တီက Vampire အသွင်ပြောင်းလျက် အမှောင်မင်းသားဧ။် ထိုးနှက်မှုကို ကျွမ်းကျင်စွာ တုံ့ပြန်နေသဖြင့် Seungri လည်း မိမိဘက်က လုပ်နိုင်သောအရာဟူသမျှကို ထုတ်သုံးနိုင်ရန် အာရုံစုစည်းကာ အလင်းတန်းတွေ ဖြစ်ပေါ်လာအောင် ကြိုးစားလိုက်ပေမယ့် ထိုစွမ်းအင်က မိမိလိုသလို ထုတ်ယူ၍ မရဖြစ်နေသည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now