Halloween 🎃🖤🎃 Part (18)

69 8 0
                                    

[Zawgyi]

Halloween 🎃🖤🎃

Chapter (18) The Voice 🖤

" ဝင်ပေါက်လို့ ရေးထားတယ်လေ မင်းဘာလို့် မမြင်ရတာလဲ"

Top ဧ။် အမေးစကားကို B.I က ခေါင်းတွင်တွင်ခါယမ်းပြလျက်။ ထို့အပြင် အငယ်ကောင်ဧ။် မျက်နှာအမူအရာက စနောက်နေပုံလည်း မပေါ်ပေ။ Top ခေါင်းနပန်းကြီးသွားရလေပြီး ပန်းချီကားဘေးဘောင်မှ *ဝင်ပေါက်* ဆိုသောစာသားကို လက်ဖြင့် တို့ထိညွှန်ပြလိုက်သည့်တိုင် အငယ်ကောင်ဘက်က အမှန်တကယ်ကို မမြင်တွေ့ရခြင်းဖြစ်ဧ။်။

ထိတ်လန့်အံ့သြမှုတွေကြောင့် Top ထိုပန်းချီကားကို အနီးကပ်ဆွဲယူကာ ထပ်ကြည့်မိတော့ ပျက်ယွင်းစပြုနေတဲ့စာသားအချို့ကို မိမိတစ်ဦးတည်း မြင်တွေ့နေရလေသည်။

ဒါက မရဏတောင်ကြားရဲ့ ဝင်ပေါက်ကို ရေးဆွဲထားခြင်း သက်သက်လား ဒါမှမဟုတ် အပြင်မှာတည်ရှိတဲ့ မရဏတောင်ကြားဧ။် ဝင်ပေါက်အစစ်အမှန်နဲ့ချိတ်ဆက်ထားသော စွမ်းအင်ရှိသည့် ကြားခံပစ္စည်းတစ်ခုများလား။

ထိုအခိုက် နမိတ်မရှိတဲ့ အတွေးတွေ အာရုံထဲ ရုတ်တရက်ဝင်ရောက်လာသောကြောင့် တုန်ယင်သွားသော Topဧ။် လက်တစ်စုံကို B.I က အသာအယာလှမ်းဆုပ်ကိုင်ပြီး...

" Brother တကယ့်ပဲ အဲစာသားကို မြင်နေရတာလား... မဟုတ်မှလွဲရော Brother က အမှောင်မင်းသား ဝင်စားမယ့်သူများ ဖြစ်နေမလား "

မိမိအတွေးထဲသို့ ကြီးစိုးစပြုနေပြီဖြစ်တဲ့ ကြောက်မက်ဖွယ်အကြောင်းအရာအား ဖွင့်ဟ ထုတ်ပြောလိုက်သော အငယ်ကောင်ကြောင့် Top သွေးပျက်ခြောက်ခြားစွာ ပြန်လည်ကြည့်မိရင်း...

" ငါ... ငါ မဟုတ်လောက်ပါဘူးနော်... B.I ငါ အဲလိုအခြေအနေမျိုး အဖြစ်မခံနိုင်ဘူး... "

Top ဧ။် အသံက ကြောက်ရွံ့စိတ်ကြောင့် တုန်ခါနေလေပြီ။ B.I က Top ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက်...

" Brother အဲလို မဖြစ်စေရဘူး... ကျွန်တော့်က အကို့ကို အဲလိုမျိုး အဖြစ်မခံနိုင်ပါဘူး စိတ်ချပါ... "

ကံကြမ္မာကသာ အစကတည်းက ဤသို့ သတ်မှတ်ထားခဲ့ရင် ဘယ်သူတွေ ဘယ်လောက်ထိ ကာကွယ်တားဆီးပါစေ စွမ်းနိုင်မည့်အရာ၊ ကျော်လွှားနိုင်မည့်အရာမဟုတ်ပေ။ Lee Seungri နဲ့ Top တို့ကြားက ရှောင်လွှဲလို့မရတဲ့ ကျိန်စာသင့်နေသော ကံကြမ္မာဆိုးများလား။ Seungri ရဲ့ ဖြူဖြူစင်စင် ပြုံးရယ်နေတဲ့ မျက်နှာလေးကို အာရုံထဲ မြင်ယောင်မိတော့ မခုန်တော့တာကြာပြီဖြစ်တဲ့ မာကြောသော နှလုံးသားကတောင် စိုးရိမ်မှုကြောင့် တဒိတ်ဒိတ်ဖြင့်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now