Halloween 🎃🖤🎃 Chapter (7)

120 10 2
                                    

Halloween 🎃🖤🎃

Chapter (7) Darkness 🖤

နေပျောက်ပင် မရှိသော လိုက်ကာအပြည့်ချထားသည့် အခန်းထဲ၌ Top ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိဧ။်။

မိမိအိပ်ပျော်နေစဉ်က အခန်းကို သန့်ရှင်းရေး လုပ်ပေးသွားသည့်အတွက် ပရိဘောဂအသစ်များနှင့် အခန်းက ပြန်လည်သပ်ရပ်နေပြန်သည်။

အတွေးအချို့နှင့်အတူ လျှောက်လှမ်းနေရာမှ ရပ်တန့်လိုက်ပြီး စာကြည့်စားပွဲ၌ ဝင်ထိုင်၍ ရွှေရောင်နှင့် အနက်ရောင်ရောစပ်ကာ ပန်းနွယ်ပန်းခက်များ သဏ္ဍာန် သံဘောင်ကွပ်ထားသော စာအုပ်ကို လှမ်းယူကာ ဖတ်လက်စ စာမျက်နှာကို အလျှင်စလို လှန်လောလိုက်ဧ။်။

လက်တင်ဘာသာ (ရှေးကျသော ရောမမြို့တွင် သုံးစွဲသော ဘာသာစကား) ဖြင့်ရေးသားထားသော စာလုံးအချို့ကို ဖတ်လိုက်၊ ဘေးမှ စာရွက်အလွတ်တစ်ရွက်ပေါ်တွင် ရေးခြစ်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။

ငယ်စဉ်ကတည်းက လက်တင်ဘာသာစကားကို လေ့လာသင်ကြားခဲ့ရသဖြင့် Top အတွက် ထိုဘာသာစကားမှာ အမိဘာသာစကားကဲ့သို့ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်ဧ။်။

လက်ထဲမှ ကလောင်တံ ထိပ်ကို နှုတ်ခမ်းဖြင့် အသာဖိကိုက်ရင်း စိတ်ထဲ မရှင်းမလင်းဖြစ်နေသည့်အပိုင်းအား စဉ်းစားခန်းဖွင့်နေမိစဉ်...

" Brother အစောကြီးနိုးနေပါလား... "

အခန်းတံခါးဝသို့ မယောင်မလည် လာရပ်သော အငယ်ကောင်ကို ခေါင်းဆတ်ကနဲ ညိတ်ပြပြီး...

" အင်း အလုပ်နည်းနည်းရှိလို့..."

B.I က သွက်လက်သော ခြေလှမ်းတို့နှင့် အခန်းထဲသို့ ဝင်ရောက်လာရင်း သန့်ရှင်းသပ်ရပ်နေသည့် မိမိအခန်းကို အသာဝေ့ဝဲကြည့်ကာ...

" အခုပြန်ရှင်းထားတဲ့ ဖွဲ့စည်းပုံကို သဘောကျတယ်... ဒါနဲ့ Brother ယူထားတဲ့ ဟိုပစ္စည်းကို မနက်က ဒယ်ဒီရှာနေတယ်နော်..."

မိမိဧ။် ရွှေရောင်မျက်ဝန်းနှင့် လိုက်ဖက်စွာ တပ်ဆင်ထားသော ရွှေရောင်ကိုင်းဖြင့် ပြုလုပ်ထားသည့် မျက်မှန်အား အသာဆွဲချွတ်လိုက်ပြီး...

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now