Halloween 🎃🖤🎃 Chapter (2)

194 12 0
                                    

Halloween 🎃🖤🎃

Chapter (2)  Game 🖤

အေးစက်ပြီး မာကျောတဲ့အရာတစ်ခုနဲ့ Seungri ဧ။်ပါးပြင်မှာ ထိကပ်နေသည်ကို ခံစားရဧ။်။

အသည်းခိုက်အောင် အေးမြသော လေအဝှေ့၌ အရိုးထဲအထိ စိမ့်ကနဲ အေးမြမှုကြောင့် ခန္ဓာကိုယ်မှာ ထုံကျင်နေလေပြီး လှုပ်ရှားလို့ပင် မရချေ။

မှိတ်ထားဆဲ မျက်လုံးများကို ကြိုးစားကာ ဖွင့်ကြည့်မိတော့ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ကြောင့် ဘာဆိုဘာမျှ မမြင်တွေ့ရသည့်အလား။

အာရုံစူးစိုက်ကာ ကြည့်​လေတော့မှ ခပ်လှမ်းလှမ်းတွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးအလင်းရောင်လေးက တဖြည်းဖြည်း တောက်ပလာပြီး ထိုအရာကား ဓာတ်တိုင်မှ မီးအလင်းရောင်မှန်းသိရချိန်၌ Seungri မှာ မိမိရောက်ရှိနေသည့်နေရာအား မြင်တွေ့ရလေတော့သည်။

အဝေးပြေးကားလမ်းမဧ။် ကြမ်းခင်း၌ လှဲလျောင်းနေမိသော မိမိမှာ ယခုမှ အလန့်တကြားဖြင့် အားယူကာ ထထိုင်လိုက်ပြီး...

" Hyo Rin... Sun... Hyo Rin..."

အနား၌ သက်ရှိဆိုသောအရာ တစ်ခုတလေမျှပင် မရှိပဲ ဘေးနှစ်ဖက်၌ အုပ်ဆိုင်းနေသော တောအုပ်ကြီးကသာ အမှောင်ယံ ကြီးစိုးနေလေသဖြင့် ထုံကျင်နေသော ခြေထောက်ကို ကြိုးစားထောက်ကာ မတ်တပ်ရပ်လိုက်သည်။

" ငါ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ.. ညီမလေးနဲ့ Sun ရော ဘယ်မှာလဲ..."

တဖြည်းဖြည်းကြောက်ရွံလာသည့် ခံစားချက်ကြောင့် အလင်းရောင်ရှိသော လမ်းမီးတိုင်ဆီသို့ ယိုင်နဲ့နဲ့ဖြင့် ဦးတည်လိုက်မိဧ။်။

မီးတိုင်အောက်၌ ဆိုင်းဘုတ်ငယ် တစ်ခုတွေ့ရကာ Seungri အလျှင်အမြန်ပင် ဖတ်ရှုလိုက်တော့...

" ဒီနေရာက ကားမှတ်တိုင်ပဲ... နေပါဦး ငါစောနက စီးနေတာ နံပတ် (၉) ကားပါ...အခု ဒီလမ်းကြောင်းမှာရှိတာက နံပတ် (၁၃) တဲ့လား..."

နံပတ် (၁၃) ဟု ရေရွတ်လိုက်တော့ ဘာကြောင့်မှန်းမသိ ကြက်သီးမွှေးညှင်းများ ထသွားသလိုပင်။

" အနောက်တိုင်း အယူအဆအရဆိုရင် နံပတ် (၁၃) က နိမိတ်မကောင်းတဲ့ နံပတ် မဟုတ်လား... ဘာကြောင့်များ ဒီနံပတ်နဲ့ ဘတ်စ်ကားက ရှိနေတာလဲ..." ဟု ဝေဝေဝါးဝါးဖြင့် ညည်းညူနေမိစဉ်...

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now