Halloween 🎃🖤🎃 Chapter (23)

55 10 8
                                    

[Zawgyi]
Halloween 🎃🖤🎃

Chapter (23) Play With Fire 🔥

ယနေ့ကား အောက်တိုဘာလဧ။် နောက်ဆုံးနေ့ရက်ဖြစ်ကာ Halloween Day (တစ္ဆေများပွဲတော်နေ့) လည်းဖြစ်ဧ။်။

ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် တွေးကြည့်လို့ရသမျှ မကောင်းဆိုးဝါးအရုပ်များ၊ လင်းနို့်ငှက်များအပြင် လိမ္မော်ရောင် ရွှေဖရုံသီးများစွာဖြင့် အလှဆင်ထားပုံက စိတ်လှုပ်ရှားဖွယ်ရာအတိ။

ပြန်လည်လန်းဆန်းလာစပြုလာတဲ့ GD ကို နှုတ်ဆက်အနမ်းပေးရင်း ညနေ သင်တန်းတက်ချိန်တွင် ပြန်လည်တွေ့ဆုံရန် မှာကြားပြီးနောက် Seungri တက်တက်ကြွကြွပင် အိမ်သို့ပြန်လာခဲ့လေတော့ နံနက်လင်းအားချင်း ရှိနေပြီဖြစ်သည်။

မိမိနေအိမ်ထဲသို့ မနက်ခင်းစောစောစီးစီး ခိုးဝင်ရသည့်အဖြစ်က Seungri အတွက် GD နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှ ချိုးဖောက်တတ်လာသော အသေးစားပြစ်မှုဖြစ်ပေမည်။

ကျွီ ( တံခါးဖွင့်သံ)
အိမ်သားတွေ အသံကြား၍ နိုးသွားမည်စိုးသဖြင့် သတိထားပြီး တံခါးဖွင့်နေသည့်ကြားမှ...

" OMG "

" Oppa... "

ညီမဖြစ်သူ Hyo Rin နဲ့ ပက်ပင်းဝင်တိုးမိလိုက်သဖြင့် Seungri ရုတ်တရက်လန့်သွားမိပေမယ့် မိမိအမူအရာကို အမြန်ပင် ပြန်ထိန်းကာ ဆံပင်တွေကို လက်ဖြင့်ထိုးဖွလိုက်ပြီး အခုမှ တရေးနိုးချင်ယောင်ဆောင်လိုက်ရဧ။်။

" အော်... ညီမလေး... နင် အစောကြီးနိုးနေတာလား "

Hyo Rin က Seungri တစ်ညလုံး အိမ်တွင်မရှိသည့်အခြေအနေကို မသိရှိသေးပုံပေါ်ကာ နိုးတဝက် မနိုးတဝက်ဖြစ်နေရှာတဲ့ သူမမျက်လုံးတွေကို အသာပွတ်သပ်လျက်...

" အင်း... သန့်စင်ခန်းသွားချင်လို့ နိုးလာတာ... Oppa နင်ရော ဘာလုပ်မလို့လဲ "

သူမမျက်ဝန်းတွေက တစုံတရာကို သံသယဝင်မလာခင်မှာတင် Seungri မှာ တဝါးဝါး အာသမ်းလိုက်ရင်း ရေဆာလို့ အောက်ထပ်မှာ ရေဆင်းသောက်တာဟု ဟန်မပျက် ရုပ်တည်ကြီးနဲ့ ဖြေကြားလေမှ Hyo Rin က ...

" အင်း... ဒါဆို မောနင်းပါ Oppa... "

" အိုကေ မောနင်း... "

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now