Halloween 🎃🖤🎃 Chapter (24)

52 10 8
                                    

[Zawgyi]

Halloween 🎃🖤🎃

Chapter (24) Halloween Party 🎃👻

Cooper စံအိမ်ရဲ့ အိမ်အမှတ်ကို Seungri ကားပေါ်မှဆင်းစဉ် မြင်တွေ့လိုက်ရတော့ နိမိတ်မကောင်းဟု ထပ်မံခံစားလိုက်ရသည်။ ရွှေရောင်သုတ်ဆေးများ ဟိုတစ်ကွက် ဒီတစ်ကွက်သာ ကျန်ရှိသည့် ဂဏန်းနံပါတ် (13) ကို ချိတ်ဆွဲထားလေသည်။

ပျော်ရွှင်တက်ကြွနေတဲ့ Hyo Rin နဲ့ Sun တို့က ထူးခြားမှု တစ်ခုတလေမျှ မခံစားမိသောပုံစံဖြင့် B.I ဧ။်ဦးဆောင်မှုနောက်သို့ လိုက်သွားကြသဖြင့် Seungri လည်း သူတို့အနောက်မှ ထပ်ကြပ်မကွာ လျှောက်လှမ်းလိုက်မိဧ။်။

မြက်ပင်ရှည်များကြား ဖြတ်သန်းသွားပြီးနောက် မှိန်ပျပျ မီးရောင်ထွန်းညှိထားသော အိမ်တံခါးမကြီးအရှေ့သို့ ရောက်ရှိလာပါတော့သည်။

GD က ရုတ်တရက်ကြီး နောက်ဆုံးမှ လျှောက်လှမ်းလာသော Seungri ရဲ့ လက်ထဲကို တစ်စုံတစ်ရာ ထည့်ပေးလျက်...

" Hyung ဒီဆေးတွေ ဆောင်ထား "

" ဘာဆေးလဲ GD " ဟူသော အမေးစကားနှင့်အတူ GD ပေးသောဆေးပြားအချို့ကို Seungri ကြည့်မိလိုက်သည်။ အရင်က တကြိမ်မျှသာ မြင်တွေ့ဖူးသော ဝါကြင့်ကြင့်ဆေးပြားများဖြစ်နေလေဧ။်။

GD က အရာရာကို သတိထားပြုမူနေသော အမူအရာဖြင့်...

" ဗာဗိန်းဆေးလေ... Hyung လိုအပ်ရင်သုံးဖို့ ဆောင်ထား..."

" ဒါက မင်းသောက်နေကြဆေး မဟုတ်လား... ငါက ဘာလို့ ဒီဆေးကို လိုအပ်မှာလဲ "

" Hyung သောက်ဖို့်မဟုတ်ဖူး... အခုလောလောဆည်တော့ ဒီအတိုင်းပဲ ဆောင်ထားပါ Hyung... နောက်မှ ငါရှင်းပြမယ် "

Cooper စံအိမ်သို့ လာရောက်ကြမည်ဟု ကြားသိရကတည်းက GD ပုံစံမှာ ထူးဆန်းနေခဲ့တာ။ အခုလည်း သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေက အထင်းသားပင်။

GD ဘာတွေဖြစ်ပျက်နေသလဲဆိုတာ Seungri နားမလည်နိုင်ဖြစ်နေသော်လည်း သူပေးတဲ့ ဆေးပြားတွေကိုတော့ အနွေးအင်္ကျီအိတ်ကပ်ထဲ ထည့်ထားလိုက်သည်။

ထိုစဉ် B.I က စံအိမ်ဧ။် ဝင်ပေါက် တံခါးမကြီးကို တွန်းဖွင့်လိုက်လေဧ။်။ ခန်းမတံခါးပွင့်ဟသွားသည်နှင့် နီယွန်မီးရောင်စုံတောက်ပနေတဲ့ အရောင်အသွေးစုံလင်သောမြင်ကွင်းက မျက်စိကျိန်းလောက်စေသည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now