Halloween 🎃🖤🎃 Chapter (3)

133 12 0
                                    

Halloween 🎃🖤🎃

Chapter (3)  Scar 🖤

ခံစားချက်တွေက အနုမြူဗုံးတစ်လုံးလို အလျှင်အမြန် ပေါက်ကွဲသွားသော မိမိကို ဘေးနားမှ ညီငယ်က အတင်းဖမ်းချုပ်လိုက်ပြီး ...

" Hyung... စိတ်ထိန်း ဘာမှမဖြစ်ဘူး... ကားနဲ့ တိုက်မိရုံပဲ စိတ်ထိန်း..."

အတင်းဖမ်းချုပ်ရင်း ဖက်ထားသည့်ကြားက သားရဲတစ်ကောင်ပမာ အော်ဟစ်နေသော မိမိကြောင့် တိုက်မိထားသော ကားမောင်းသမားက အလွန်ထိတ်လန့်နေလေသည်။

အရှိန်ဖြင့်မောင်းလာသော ဆိုင်ကယ်ဧ။်အရှိန်မထိန်းနိုင်မှုနှင့် လမ်းမှကျော်တက်လာသော ကားတို့တိုက်မိကြရာတွင် နှစ်ဦးနှစ်ဖက်လုံး အမှားဖြစ်သည်မို့ ညီငယ်က ဒီအမှုကို ရဲတွေ ဝင်ပါ လာမည်စိုးသဖြင့်...

" Hyung စိတ်လျှော့... လာပါ အိမ်ပြန်ရအောင်..."

ထိုအခါမှ အသက်ကိုဝဝရှုသွင်းလိုက်ကာ ဖက်ထားသောလက်ကြားမှ တိုးထွက်ကာ လဲကျနေသည့် ဆိုင်ကယ်ကို ဆွဲယူလိုက်ပြီး...

" အိုကေ... ငါ စိတ်ထိန်းလို့ရပြီ... ပြန်ရအောင်..."

ပြောလိုက်သည်နှင့် ညီငယ်က ဆိုင်ကယ်နောက်ခုံကို အမြန်ခွထိုင်လိုက်တော့ မိမိလည်း စက်ကို နှိုးလိုက်ဧ။်။

မီးခိုးငွေ့များထွက်ကာ ထိခိုက်မှုကြောင့် ထိုးရပ်ထားသော ကားခေါင်းခန်းမှ ကားမောင်းသူကို လက်ညိုးထိုးလိုက်ပြီး..

" မင်းကံကောင်းသွားတယ်မှတ်..." ဟု ကြုံးဝါးကာ Black House ဟု အများက တင်စားခေါ်ဝေါ်သော ပိန်းပိတ်အောင် ​မည်းမှောင်နေသည့် အိမ်ဆီသို့ ဦးတည်လိုက်လေတော့သည်။

မိနစ်အနည်းငယ်ကြာတော့ ခြံထဲသို့ ဆိုင်ကယ်ကို ရပ်လိုက်ရင်း ကလပ်သွားမည့်အစီအစဉ်လည်း ပျက်သွားသဖြင့် တောက်တစ်ချက်ခေါက်ကာ အော်ဟစ်မိပြန်သည်။

ဒေါသ တစ်စွန်းတစဖြင့် အိမ်တံခါးကို ဖွင့်လိုက်ရင်း အပေါ်ထပ် ထပ်ခိုးရှိ မိမိအိပ်ခန်းဆီသို့ တန်းသွားရန် ပြင်လိုက်တော့ ဧည့်ခန်းထဲရှိ ကုလားထိုင်၌ ထိုင်နေသော ဖခင်ဖြစ်သူက ...

" GD... ငါ့ဆီလာခဲ့ဦး... နောက်ပြီး Dae Saung မင်းရောပဲ..."

ဖခင်ရှေ့မှာတော့ မိမိဧ။် စိတ်မရှည်ဖြစ်နေသော အမူအရာကို ကြိုးစားထိန်းလိုက်ပြီး ဧည့်ခန်းထဲဝင်ထိုင်လိုက်သည်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now