Halloween 🎃🖤🎃 Chapter (20)

88 8 0
                                    

[Zawgyi]

Halloween 🎃🖤🎃

Chapter (20) Omen 🖤

လွန်ခဲ့သောနှစ်များစွာက သန်းခေါင်ယံညတစ်ညမှာ သွေးများပေရေနေသည့် ကလေးငယ်ကို ပွေ့ချီလျက် မှောင်မိုက်ခြင်းတိုင်းပြည်ဖြစ်သော မရဏတောင်ကြားဒေသဆီသို့ မျှော်လင့်တကြီးနဲ့ လျှောက်လှမ်းနေသော မိဘနှစ်ဦး။

အာ့...အာ့...အာ့
ကျီးငှက်များက အမည်းရောင်တိမ်တိုက်တွေကြား ပျံသန်းရင်း ကြောက်လန့်တကြား အော်ဟစ်လို့နေလေသည်။

Cooper မျိုးနွယ်ဝင် ကလေးငယ်တစ်ဦးဧ။် သွေးဆာလောင်မှုဖြစ်ရပ်မှ လူနေ အဆောက်အဦးတချို့ ပျက်စီးလို့သွားခဲ့လေပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ သားငယ် B.I ဧ။် တိုက်ခိုက်မှုကြောင့် လူသားများစွာ ထိခိုက်သွားရသည်။ ကလေးကိုယ်တိုင်ကလည်း သူ့စွမ်းအင်ကို ကန့်သတ်ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သဖြင့် ဒဏ်ရာအတော်များများ ရရှိထားဧ။်။ လူသားတွေဧ။် သွေးများရော သူ့ခန္ဓာကိုယ်မှ သွေးများပါ ပေရေနေသည့် B.I တစ်ယောက် မိခင်ဖြစ်သူဧ။် ရင်ခွင်ထဲတွင် သတိလစ်မေ့မျောလို့နေလေသည်။

" အမှောင်မင်းသားက ကယ်တင်ပေးနိုင်ပါ့မလား "

အမြဲလိုလို တည်ကြည်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ မျက်နှာထားက အခုတော့ စိုးရိမ်ပူပန်မှုတွေပြည့်နှက်လို့နေဧ။်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အားတင်းထားပုံပေါ်သော ခင်ပွန်းက...

" အဆင်ပြေအောင် ကြိုးစားကြည့်ရမှာပဲ Honey... ကိုယ်တို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အမှောင်မင်းသားပဲ ရှိတော့တာ မဟုတ်လား..."

ခန္ဓာကိုယ်မှ သွေးများကုန်ဆုံးထားသဖြင့် ဆွတ်ဆွတ်ဖြူဖွေးနေရှာသော B.I ကို ကြည့်ရင်း မျက်ရည်များက ထိန်းထားသည့်ကြားမှ စီးကျလာလေတော့ဧ။်။

အမှောင်မင်းသားနေထိုင်ရာ အမှောင်နန်းတော်ဧ။် အရှေ့သို့ Cooper ဇနီးမောင်နှံရောက်ရှိခဲ့ကြလေပြီ။ ခင်ပွန်းက သူ့ဇနီးနဲ့ သားငယ်ကို နန်းတော်တံခါးဝ၌သာ နေရစ်ခဲ့ရန်ဆိုပြီး သူတစ်ဦးတည်း နန်းတော်အတွင်းသို့ ဝင်ရောက်လို့သွားတော့ သားငယ်ကို ပွေ့ချီရင်း စိုးရိမ်ထိတ်လန့်နေမိတဲ့ သူမအတွက် အချိန်တွေက အတော်လေး နှေးကွေးနေသယောင်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now