Halloween 🎃🖤🎃 Chapter (19)

77 8 0
                                    

[Zawgyi]

Halloween 🎃🖤🎃

Chapter (19) Family 🖤

ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းထက်မှာ အတောင်ပံနှစ်ဖက်ကြား လည်ဇက်ပုလျက် ဦးခေါင်းတစ်ဝက်လျှိုဝင်နေသော ငှက်အိုတစ်ကောင်ဧ။် မျက်ဝန်းနှင့် GD မှာ အကြည့်ချင်းဆုံမိကြလေသည်။

အကြည့်တွေက စူးရှလွန်းသဖြင့် GD ပင် ရုတ်တရက်မို့ ထိတ်လန့်သွားရလေဧ။်။ သေခြင်းနိမိတ်ဆိုးတစ်ခုဖြစ်သော ဠင်းတ ငှက်တစ်ကောင်က ဒီခြံအတွင်း၊ ဒီနေရာအရပ်သို့ လာနားသည်မှာ ဆိုးရွားသော ကံကြမ္မာကို ပြသနေသည့်အလား။ အမွှေးအမျှင်ကျိုးတိုးကျဲတဲဖြင့် ကြည့်ရဆိုးသော အနှီသတ္တဝါအား Seungri မမြင်တွေ့စေရန် Hyungရဲ့ မျက်ဝန်းတွေကို GD ဖုံးအုပ်ပစ်လိုက်ပြီး ...

" Hyung အကြည့်ချင်းမဆုံစေနဲ့... "

ထိုသတ္တဝါဧ။် ညည်းညူသံကဲ့သို့ သွေးပျက်ဖွယ်အသံကြောင့် အစကတည်းမှ Seungri က ထိတ်လန့်နေရှာတာ။ နိမိတ်မကောင်းသော ဠင်းတငှက်အော်မြည်နေမှန်း သူသိသွားခဲ့လျှင် ပို၍ ကြောက်ရွှံသွားပေလိမ့်မည်။

ဒီနေရာမှာရှိနေတဲ့ တစ်စုံတစ်ဦးက သိပ်မကြာခင် သေဆုံးတော့မည်ကို သေမင်းဧ။် အစေအပါးဖြစ်သော ထိုမျက်လုံးနီ ငှက်အိုက နိမိတ်လာပြခြင်း ဖြစ်ကောင်းဖြစ်နိုင်ဧ။်။

" GD ဘာများလဲဟင် ငါကြည့်လို့မရလောက်အောင် အရမ်း ကြောက်စရာကောင်းတဲ့အရာများလား... "

" ဟုတ်တယ် Hyung... သွားမကြည့်တာ အကောင်းဆုံးပဲ... ကျွန်တော့် ပြတင်းပေါက်တံခါး ထပိတ်လိုက်ဦးမယ်... "

GD ပြောရင်း အလျှင်အမြန်ထကာ ပြတင်းပေါက်မှ တံခါးကို အမြန်ဆွဲပိတ်ပစ်လိုက်ပြီး ခန်းစီးလိုက်ကာကိုလည်း အောက်သို့ ဆွဲချလိုက်တော့သည်။

တံခါးပိတ်သံကြားလေမှ Seungri က မျက်လုံးအသာဖွင့်ကြည့်လာလေပြီး...

" ဘယ်အရာမို့လို့လဲ... ငါ့ကို ပြောပြပါဦး "

GD အမှန်အတိုင်းပြောလိုက်လျှင် Hyung အလကားနေရင်း ထိတ်လန့်သွားမှာစိုးရိမ်သဖြင့် သူလိမ်ညာ၍သာ အခြားအရာတစ်ခုအား အစားထိုးပြောပြမိတော့ Hyung က မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now