[Zawgyi]
Halloween 🎃🖤🎃
Chapter (16) Dawn 🌤
Darkness စာအုပ်ဧ။် နောက်ဆက်တွဲဖြစ်သော *Dark Prince* (အမှောင်မင်းသား) စာအုပ်တွင်...
{ မှောင်မိုက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဗလာနတ္တိဖြစ်ခြင်း၊ အလင်းရောင်ကင်းမဲ့ခြင်း အစရှိသော မွန်းကြပ်စရာ အခြင်းအရာတွေ ပြည့်နှက်နေသည့် အမှောင်လောက ၊ အမှောင်ကမ္ဘာကို အုပ်စိုးသူ အရှင်သခင်အား အမှောင်မင်းသားဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။
ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့စေခြင်းတွေကို ကိုယ်စားပြုတဲ့ အမှောင်မင်းသားက နှစ်တစ်ရာမှာ တစ်ကြိမ် လူသားတွေနေထိုင်ရာ သတ္တလောကဆီသို့ အယောင်ဆောင် ဖန်ဆင်းပြီး ထွက်ပေါ်လာခွင့်ရှိဧ။်။ အမှောင်ရိပ်တစ်ခုကဲ့သို့ အခိုးအငွေ့အဖြစ်သာ တည်ရှိသော အမှောင်မင်းသားမှာ ခန္ဓာကိုယ်ထုထည်အတည်တကျမရှိသဖြင့် သူ့စွမ်းအင်များနဲ့ ကိုက်ညီမည့် လက်ခံခန္ဓာကိုယ်အား ရှာဖွေကြရသည်။ နှစ်တစ်ရာပြည့်လေတိုင်း နှစ်တစ်နှစ်ရဲ့ အားအနည်းဆုံးဖြစ်သော အောက်တိုဘာလ (၃၁)ရက်နေ့ ညချမ်းအချိန်တွင် အမှောင်နဲ့အလင်းလောကဧ။် ကြားခံနယ်မြေက ထုထည်အပါးလွှာဆုံးဖြစ်နေတတ်ပြီး ထိုလောကနှစ်ခုကြား ကူးလူးသွားလာရန် ပေါင်းကူးတံတားသဖွယ် လမ်းကြောင်းပွင့်ဟလာချိန်လည်းဖြစ်ဧ။်။ ထိုအချိန်တွင် အမှောင်မင်းသားက ပေါင်းကူးတံတားမှတဆင့် လူသားများနေထိုင်ရာ လောကဆီသို့ ရောက်ရှိလာလေတော့သည်။ }
ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး Top အတွေးများစွာနှင့်အတူ စဉ်းစားခန်းဖွင့်နေမိဧ။်။
" အောက်တိုဘာ (၃၁) ရက်နေ့က Halloween's Day ကျင်းပမယ့်နေ့ပဲ... အမှောင်မင်းသားက ဝင်ပူးဖို့အတွက် သူ့စွမ်းအင်တွေကို လက်ခံနိုင်မယ့် အင်အားကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ရှာဖွေနေတာပေါ့... ဒါဆို Seungri မကြာခဏ ရောက်ရှိသွားတဲ့ မှောင်မိုက်နေတဲ့နေရာက အမှောင်ကမ္ဘာဖြစ်ရမယ်... ဒါပေမယ့် Seungri က အမှောင်မင်းသားလိုချင်ရလောက်အောင် အားကောင်းတဲ့ အဆက်အသွယ်တစ်ခုခုများ သူတို့ကြားမှာ ရှိနေခဲ့လို့လား... "
YOU ARE READING
Halloween 🎃💀🎃 (Completed) Zawgyi & Unicode
Horror#Nyongtory, #Bigbang, #Horror, #Supernatural