Halloween 🎃🖤🎃 Chapter (4)

113 9 0
                                    

Halloween 🎃🖤🎃

Chapter (4) Pumpkin 🎃

သင်တန်းချိန် ကုန်ဆုံးတာ ပထမနေ့ထက် ပိုမြန်နေသလို။

ထုံးစံအတိုင်းပင် Seungri လည်း ဆွယ်တာအကျီအနက်ရောင်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ညီမလေး Hyo Rin ဘက်သို့လှည့်ကာ...

" ဒီည ပိုအေးနေသလိုပဲနော်... "

သို့သော် မိမိအား အဖက်လုပ်ခြင်းမရှိပဲ Taeyang နှင့် စကားနိုင်လုရင်း အလုပ်ရှုပ်နေသော Hyo Rin ကြောင့် Seungri စကားဆက်မပြောတော့ပဲ ဘတ်စ်ကားပြတင်းပေါက်မှတဆင့် အပြင်ဘက်ကိုသာ ငေးကြည့်နေလိုက်တော့သည်။

လမ်းမီးရောင်တွေက တရိပ်ရိပ်မို့ ထိုအလင်းရောင်တွေကြောင့် ကားမူး၍ မနေ့ကလိုမျိုး ထပ်မံသတိလစ်မျှောသွားမှာကို စိုးရိမ်မိကာ အကြည့်တို့အား ကားအရှေ့ဆီသို့ ပြန်ရွှေ့လိုက်ရသည်။

ကျွီ......

ထိုစဉ် ရုတ်တရက်ဘရိတ်အုပ်လိုက်သော အရှိန်ကြောင့် Seungri တို့သုံးဦးသား ထိုင်လျက်သားပင် အရှေ့သို့ ယိုင်ကျသွားကြရဧ။်။

Seungri လည်း စိုးရိမ်စွာနဲ့ ညီမလေးနဲ့ Taeyang ကို စောင်းငဲ့ကြည့်လိုက်ပြီး ...

" ရလား... တခုခုထိခိုက်သွားသေးလား..."

Hyo Rin က Seungriကို ဘာမှမထိခိုက်ကြောင်း ခေါင်းခါပြ၍ ကားပေါ်မှ ပြေးဆင်းသွားသော ကားဆရာကို လက်ညှိုးညွှန်ပြလျက်...

" Oppa ကားပျက်သွားတာလား မသိဘူး..."

ကားပေါ်မှာ မိနစ်အတော်ကြာသည်အထိ ထိုင်စောင့်နေပေမယ့် ကားဆရာက ကားပေါ် ပြန်တက်မလာသဖြင့် Seungri တို့ ၃ဦးသား အောက်သို့ ဆင်းကြည့်မိကြတော့ ကားပြင်ရင်း အလုပ်ရှုပ်နေသော ကားဆရာကို တွေ့ရလေသည်။

Seungri က ကားဆရာအား...

" ကားပြင်တာ ကြာဦးမှာလား... "

ထိုအခါ ကားဆရာက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းသွက်သွက်ညိတ်ပြပြီး...

" နောက်တစ်စီး စောင့်စီးပါလား... ကားက ပြင်တာ ကြာဦးမယ်ထင်တယ်..."

ကားပေါ်၌ ပါလာသော ခရီးသည်များလည်း စိတ်မရှည်တော့သည့်အတွက် အားလုံးလိုလိုပင် ကားပေါ်မှ ဆင်းကာ ကားမှတ်တိုင်၌ သွားရပ်နေကြဧ။်။

Halloween 🎃💀🎃 (Completed) Zawgyi & Unicode Where stories live. Discover now