သဝန်တိုတာကို ချစ်တယ်လို့
အမည်နာမတပ်ရမယ်ဆိုရင် ကျွန်တော်လည်း...====
Taehyungတစ်ယောက် ထိုနေ့ညက
ဦးပြောလိုက်သည့်စကားကို အကြိမ်ကြိမ်စဥ်းစားမိသည်..။''ငါ့ကိုသဘောကျနေလား''တဲ့..။
သဘောကျနေလား...
မကျနေလားတော့မသိပေမဲ့
သဘောမကျသင့်တာတော့ ကျွန်တော်ကောင်းကောင်းကြီးသိနေပါသည်...။=====
ရာသီဥတုကခပ်မှိုင်းမှိုင်း..
အတွေးတွေကလည်းစိုထိုင်းထိုင်း..ထိုချာတိတ်လေးကို ရင့်ရင့်သီးသီးကြီး ပြောမိလိုက်တဲ့အတွက်
စိတ်မကောင်းဖြစ်နေသည်မှာအသေအချာ။ဘာလို့ဆို အဲ့ဒီနေ့ကစပြီး ညအိပ်မပျော်တာ သုံးရက်ရှိပြီမို့။
လက်ထဲက
ကော်ဖီကတော့လှောင်သည်။
''အဲ့ဒီချာတိတ်လေးကြောင့်
မင်းညတိုင်းငါ့ကို အဖော်ပြုနေရတာမဟုတ်ဘူးလား...''တဲ့။ကျွန်တော့မှာပြန်မချေပနိုင်...။
နီးကပ်လာသောရုံးချိန်ကြောင့်
ကုတ်အင်္ကျီရှည်ကိုဝတ်ပြီး ကားသော့ကိုဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်..။''တီ...တီ...''
ရုတ်တရက်ဝင်လာသောဖုန်း...။
''ပြော hoseok....ဘာဖြစ်လို့လည်း''
''jungkook ya ငါကားပျက်နေလို့
လမ်းထိပ်နားကျ ခဏရပ်ပေး
ကားကြုံလိုက်စီးချင်လို့...''''အင်း..''
အဲ့လမ်းထိပ်ကိုရောက်ဖို့အတွက် မောင်းနေကျလမ်းမဟုတ်ဘဲ
တခြားလမ်းပြောင်းမောင်းရသည်...။
လမ်းထိပ်ရောက်သည်နှင့် ကားရပ်ပေးလိုက်သည့်အခါ အမောတကောပြေးလာပြီး ကားထဲသို့ဝင်သည်..။''ကျေးဇူးပါပဲ jungkookရာ...''
''ရပါတယ် အချင်းချင်းတွေပဲ...''
အချိန်အတော်ကြာမောင်းနှင်ပြီးသည့်အခါ ကားအနည်းငယ်ရှုပ်တတ်သော လမ်းနားသို့ရောက်သည်။ထိုလမ်းမှာ တက္ကသိုလ်တစ်ခု၏ ဝန်းကျင်တွင်ဖြစ်နေ၍ လူများပို၍ ရှုပ်နေခြင်း။တစ်နာရီ တစ်လှိမ့်နှုန်းဖြင့် သွားနေသော ကားများကို jungkookစိတ်မရှည်တော့။စိတ်ရှုပ်စွာဖြင့် ဟိုဟိုဒီဒီငေးရင်း
ဖြတ်ခနဲမြင်လိုက်ရသော
အညိုရောင်ခေါင်းလုံးလုံးလေး။
YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯