''ဦး ကျွန်တော့်ကို ချစ်လို့မရဘူး..
ကျွန်တော့်ကို ချစ်လို့မရဘူး...''''ဘာလို့လည်း...
ကိုယ်က မင်းကို
ဘာလို့ ချစ်လို့မရတာလည်း...''ထိုအခါ ချာတိတ်လေးက
မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ပြီး သွေးရူးသွေးတန်းအော်သည်။''ကျွန်တော်က ကင်မ်မင်ယောင်းနဲ့
ယူဟာနာတို့ရဲ့ သားဖြစ်နေလို့ပဲ...''ချာတိတ်လေး၏ စကားကြောင့်
နားတစ်ခုလုံး ထစ်ချုန်းသွားသလို...ဆို့နင့်လာသော
ရင်ဘတ်တစ်ခုလုံးကို လျစ်လျူရှုပြီး
မယုံနိုင်စွာ ထပ်မေးမိသည်။''ကင်မ်မင်ယောင်းနဲ့ ယူဟာနာ ဟုတ်လား...''
မျက်နှာကို လက်ဖြင့်အုပ်ထားလျက်ပင်
ချာတိတ်လေးက
ခေါင်းကို တရစပ်ငြိမ့်ပြသည်။ထိုအမူအရာကြောင့်
သွက်သွက်ခါအောင် ရူးချင်သွားသည်။အဲ့ဒါဆို သူက
hyungရဲ့သားကိုမှ ချစ်မိနေတာပေါ့...သူအရမ်း မေ့ပစ်ချင်နေတဲ့ အချစ်ဦးရဲ့သွေးသားကိုမှ ချစ်မိနေခဲ့တာပေါ့...
ထိုအချင်းအရာများကိုတွေးရင်း
အရုပ်ကြိုးပျက်သလို မြေပြင်ပေါ်
ဒူးထောက်လျက်သား ကျသွားခဲ့သည်။ရှက်လည်းရှက်မိသလို...
ကြောက်လည်းကြောက်နေမိသည်...ဘယ်လိုရေစက်မျိုးမို့
အဖေရော သားရောကိုပါ
သူချစ်မိသွားခဲ့တာလည်း.....ရှက်ရွံ့မှုနှင့် အတူ
ရောပြွန်းနေသော ဒေါသတွေကြောင့် မြေကြီးကိုသာ လက်သီးဖြင့်
အားပါပါ ထုရိုက်နေမိသည်။''ဦးရယ် မလုပ်ပါနဲ့....
ဒီလိုမျိုးကြီး မလုပ်ပါနဲ့နော်...
လက်တွေ နာကုန်မှာပေါ့...''မိမိလက်နှစ်ဖက်ကို မရဲတရဲလေး
ပွတ်သပ်ပေးပြီး ရှိက်သံတဝက်နှင့် တားလာသော ချာတိတ်လေးကြောင့် မြိုသိပ်ထားသော တင်းကျပ်မှုတွေအကုန် ပွင့်ထွက်လာပြီး
အားပါးတရ အော်ငိုမိသည်။''မင်းကွာ....
ကိုယ့်ကိုဘာလို့ အစကတည်းက မပြောခဲ့ရတာလည်း ဟမ်!''

YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯