''အဆိပ် ဟုတ်လား''
အားမပါသည့် တိုးလျလျအသံ။ရင်ဘတ်ကို ဖိပြီး အသက်ကို
မနည်းရှုသွင်းနေသည့်
ထိုကလေးငယ်၏ပုံစံကို ဟန်ယူဂျင်း
မကြည့်ရက်၍ မျက်နှာလွှဲလိုက်သည်။ရင်ဘတ်ထဲမှ နာကျင်မှုကို ခဏမေ့ပြီး စားပွဲကိုမှီကာ အသက်ကို
ခပ်မှန်မှန်လေး ရှူနေသည့် taehyung။ငါသေတော့မယ်...
ဒါဟာ သူ့စိတ်ထဲမှ အထပ်တလဲလဲ ပြောနေမိသည့်စကား။
ခဏနေ သေတော့မယ်ဆိုတာကို သိပေမဲ့လည်း အတင်းကြီး တုန်လှုပ်မနေအောင် ၊ စိတ်ငြိမ်နေအောင် သူ အသက်ကိုသာ ခပ်မှန်မှန် ရှူနေဆဲပဲ။
''ကျွန်တော့်အတွက်
အချိန်ဘယ်လောက်ကျန်သေးလည်း''ဖြည်းဖြည်းမှန်မှန် ထွက်လာသည့် အသံကြောင့် ဟန်ယူဂျင်း
တအံ့တသြဖြစ်နေမိသည်။အနည်းဆုံးတော့ ကယ်ပါ၊ ယူပါ ဆိုပြီး သွေးရူးသွေးပျက် ဖြစ်နေရမှာလေ။
''ဆယ့်ငါးမိနစ် ကျန်တယ်''
taehyung တွေးလိုက်သည်။
မသေခင် ဆယ့်ငါးမိနစ်အတွင်းမှာ
သူဘာလုပ်ရမလည်း။အတွေးထဲ
ပထမဆုံးဝင်လာတာက သူ့ရဲ့ဦး ။သူမရှိတော့တဲ့ အချိန်ကျရင် ဦးက ကောင်းကောင်းနေသွားပါ့မလား။
ထပ်ပြီးတော့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကြီးနဲ့ပဲ
နေ.နေဦးမှာလား စသဖြင့် ဦးကို
စိတ်မချသည့် အတွေးများ သူ့ခေါင်းထဲသို့ တရစပ် ဝင်ရောက်လာသည်။ထို့အတွက် ဘေးတွင် ရှိနေသော
ဖုန်းကို လှမ်းယူမည်အပြု ဆက်ကနဲကောက်ယူသွားသော မမ။''မမရယ် ကျွန်တော် ဦးနဲ့
တစ်ခါလေးပဲ ဖုန်းပြောချင်လို့ပါ။ တောင်းပန်ပါတယ် တစ်ခါလေးပါပဲ''လက်ဖဝါးနှစ်ဖက်ကို အတင်းပူးကပ်ပြီး မျက်ရည်တသွင်သွင်ကျကာ
တောင်းဆိုနေသည့် ကောင်လေးအား ဟန်ယူဂျင်း လျစ်လျူရှုလိုက်သည်။လုပ်မှလုပ် ၊ အဆုံးထိလုပ်ရမှာပဲ။
နောက်ဆုံးအချိန်ထိတောင်
doctor jeonနဲ့
စကားပြောခွင့် မပေးနိုင်ဘူး။

YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯