ep(13)

12.5K 1.6K 139
                                        

အတိတ်ကနေ
လွတ်မြောက်လာခဲ့ပြီထင်ပါရဲ့။
စိတ်အစုံက
မြူမှုန်လေးတစ်ခုလို လွတ်လပ်လို့။

ထပ်ချစ်မိသွားပြီထင်ပါရဲ့
သူ့ရဲ့အမူအရာတိုင်းကို မြတ်နိုးလို့..။

====

''ထမင်းကြော် ထပ်ယူဦးမလား ချာတိတ်လေး''

ထိုသို့ပြောတော့ ထမင်းကြော်တွေကို ပလုတ်ပလောင်းဝါးနေရင်းမှ
မျက်ဝန်းညိုညိုလေးက
အရောင်တလက်လက်ဖြင့် ပုတ်သင်ညိုလေးတစ်ကောင်လို
ခေါင်းကို အဆက်မပြတ်ငြိမ့်ပြသည်။

အသည်းယားလွန်းသဖြင့်
ခေါင်းလုံးလုံးလေးကိုသာ
ခပ်ဖွဖွလေးပုတ်ပြီး...

''ထည့်ပေးမယ်။ခဏစောင့်နော်..''

ဦးထသွားချင်းချင်း
ချက်ချင်းမြည်လာသည့်ဖုန်း။

''အေးပြော jimin''

''Taehyung မလာသေးဘူးလား။
တစ်ညလုံးတွေ့ပြီးပြီကို
အလွမ်းသယ်လို့
မပြီးသေးဘူးလားကွာ။
လာကြတော့လေ''

''ဘာ..အလွမ်းသယ်တာလည်း..
ဒီကောင်တော့
ပေါက်ကရတွေ ပြောနေပြန်ပြီ''

''မြန်မြန်လာခဲ့တော့ကွာ..''

''အေး အေး လာခဲ့မယ်''

ဖုန်းချလိုက်ပြီး မီးဖိုချောင်ထဲတွင်
ရှိနေသောဦးကို အော်ပြောလိုက်သည်။

''ဦးရေ ထမင်းကြော်ကိုလေ
များများနဲ့ မြန်မြန်လေး ထည့်ခဲ့နော်။jiminက ကျောင်းလာဖို့ ဆော်သြနေပြီ''

jungkookတစ်ယောက်
ထမင်းကြော်ထည့်နေရင်း
ထိုကလေးအား သြချရသေးသည်။

ဘာတဲ့...
ကျောင်းမြန်မြန်သွားရမှာမို့ ထမင်းကြော်ကို နည်းထည့်ခဲ့လို့
ပြောမယ်မရှိဘူး။
များများနဲ့မြန်မြန်လေးတဲ့။
ကောင်းရော....

======

''Taehyungဆိုတဲ့ကောင်
ကြာလိုက်တာကွာ...''

စိတ်မရှည်စွာနှင့် လမ်းပေါ်မှ
ခဲလုံးသေးသေးလေးတွေကို
အငြိုးနှင့် လိုက်ကန်နေမိသည်။

''jiminieလေး..''

ပန်းရောင်ဂါဝန်လေးနှင့်
ပနံသင့်နေသောမမက
အေးအေးချမ်းချမ်းလေးပြုံးပြနေသည်.

No Reason ( Completed )Tempat cerita menjadi hidup. Temukan sekarang