ep(22)

10K 1.3K 84
                                    

''မေ့မေ့ ပစ္စည်းတွေ ကျန်ခဲ့သေးလား။
သေချာစစ်ဦး''

''ပါ ပါတယ် သားရယ်''

လူကြီးတစ်ယောက်လို ပစ္စည်းတွေ ကျန်၊မကျန် လိုက်စစ်နေသည့် taehyung။

''အန်တီ taehyungရော''

အသံခပ်စာစာနှင့် ဝင်လာသည့်လူက jiminမှန်း သိပေမဲ့ taehyung
လှည့်မကြည့်အား။

''သား သူငယ်ချင်း taehyung ကတော့
လူကြီးလေးအတိုင်းပဲ။ ပစ္စည်းတွေ ကျန်၊မကျန် လိုက်စစ်နေတယ်တဲ့''

အပြုံးလေးဖြင့် ပြောနေသည့် taehyung အမေကို jimin ကြည့်ပြီး မိမိစိတ်တွေပါ အလိုလို အေးချမ်းရသည်။

''အန်တီ ကြိုက်တဲ့ ဆန်မုန့်
ကျွန်တော်ဝယ်လာတယ်နော်''

''ကျေးဇူးပါ သားရယ်''

''taehyung က ဘာလို့ အန်တီနဲ့
မတူတာလည်း မသိဘူး။
အမြဲတမ်း ရှပ်တီးရှပ်ပြာနဲ့''

jimin ထိုသို့ပြောတော့ taehyung အမေက ''မသိပါဘူး သားရယ်''ဟု ပြောပြီး ခပ်ဟဟလေး ရယ်သည်။

''ရား park jimin ။
လူတစ်ယောက်လုံး ရှေ့မှာ ထားပြီး အတင်းတုတ်နေတယ်ပေါ့လေ''

''မဟုတ်လို့လား ။ မင်းက
အမြဲတမ်း ပျာတီးပျာတာနဲ့ကို''

jiminက ထိုသို့ ပြန်အော်ပြောတော့ taehyungက မျက်စောင်းထိုးပြီး
ကြည့်လာသည်။

jimin လေ
မေမေ ဆေးရုံတက်တဲ့နေ့ကစပြီး
လာကြည့်တာ တရက်မှမပျက်ဘူး။
မေမေနဲ့ jimin စကားကျနေရင် သူက လူပိုကြီးလို။ နှစ်ယောက်ပေါင်းပြီး သူ့အတင်းတုတ်လိုက်ကြတာဆိုတာလေ။

''ယူဟာနာရှီ
ဆေးရုံဆင်းတော့မယ်ဆို ဟုတ်လား''

ဦးအသံကြားသည်နှင့် taehyung ခပ်သွက်သွက်လေး မေ့မေ့အနား
ပြေးကပ်လိုက်သည်။

''ဟုတ်တယ်။
တော်တော်ကြီးသက်သာလာလို့ သူနာပြုလေးကို ဆေးရုံဆင်းလို့ရလားလို့ မေးလိုက်တာ။ သူက ရတယ်ဆိုလို့ ချက်ချင်း စီစဥ်ဖြစ်သွားတယ်''

''ချာတိတ်လေးကော ယူဟာနာနဲ့ လိုက်သွားမှာလား''

''သားလေးကို မခေါ်တော့ဘူး။ စာမေးပွဲရှိသေးတယ်ဆိုပဲ။ ကျွန်မကြောင့် ကျောင်းပျက်ရက်တွေလည်း များနေတော့လေ''

No Reason ( Completed )Where stories live. Discover now