မာန်ပါပါလေသံဖြင့် မမဘက်သို့
မေးငေါ့ပြပြီး မေးသည်။''ချာတိတ် သူကဘယ်သူလည်း...''
ကျွန်တော့်လက်ကိုလည်း
သူ့လက်ကြီးနဲ့ အတင်းအကျပ်ကြီး ဆုပ်ကိုင်ထားသောဦးရယ်ပါ..။''ဟို..ဟိုလေ အဲ့တာက
မမဟန်ယူဂျင်းတဲ့။
မုန့်စားဖို့လာခေါ်တာ...''မမက
ဦး၏ဒေါသအရောင်လွှမ်းနေသော
အကြည့်များကို မခံနိုင်တော့သည်ထင် ဝင်ပြီးဖြန်ဖြေရှင်းပြသည်။''တို့က taehyungieကို
မုန့်လိုက်ကျွေးမလို့ လာခေါ်တာပါ။
ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး''''ချာတိတ်ကို ကျွန်တော်ကပဲ
မုန့်ဝယ်ကျွေးလိုက်ပါ့မယ်။
ကျွန်တော်နဲ့ပဲ ထည့်လိုက်ပါ...''မမအား စကားချိုချိုလေးနှင့်
ငြင်းနေသောဦး။လိုက်ခဲ့ဖို့
အခေါ်ခံရတဲ့ ကျွန်တော်က မငြင်းဘဲ
သူကငြင်းနေတာ။မမကခါတိုင်းလိုပဲအပြုံးချိုချိုလေးအား နှုတ်ခမ်းတွင် ချိတ်ဆွဲရင်း
ဦးဘက်သို့လှည့်ကာ...''သြော် doctor jeonကို ဒီလိုကလေးဆန်လိမ့်မယ်လို့ မထင်ထားမိဘူး။
ဒါနဲ့ တို့နဲ့jungkook တစ်နေရာမှာ
တွေ့ဖူးကြသလားလို့...''မမစကားကို ဦးက
အနည်းငယ်စဥ်းစားနေပြီး...''စိတ်ထင်တာနေမှာပါ ဟန်ယူဂျင်းနဲ့ ကျွန်တော်က အခုမှတွေ့ဖူးတာပါ..''
ကွက်ခနဲ ပျက်သွားသော မမမျက်နှာ။
သို့သော်..
ချက်ချင်းပင် ပြန်ပြုံးလိုက်ပြီး...''ဟုတ်လောက်ပါတယ်
တို့အမှတ်မှားတာနေမှာပါ။ဒါဆို taehyungieလေး တို့ သွားတော့မယ်နော်။နောက်တစ်ခါကျမှ
ထပ်ဝယ်ကျွေးမယ်လေ...''''ဟုတ်...''
ကျောပေးပြီး
ကားဆီသို့ထွက်သွားသည့် မမ၏
ခါးထိရှည်သော ဆံနွယ်များက
လေအရှိန်ကြောင့်တဖျက်ဖျက်လွင့်လို့။မမကိုကြည့်ပြီး ကျွန်တော့်မှာတော့ တော်တော်လေးကိုအားနာနေမိတာ။
''ချာတိတ်လေး...
စိတ်မကောင်းဖြစ်နေတာလားဟင်။
ဖုန်းပြောတုန်းက
ကတိပေးထားတဲ့အတိုင်း ကိုယ်က
မုန့်တွေအများကြီးဝယ်ကျွေးမယ်လေ''
YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯