ep(15)

12.6K 1.5K 122
                                        

တစ်ပတ်ကျော်ကျော်လောက်အထိ
အဖျားမကျသည့် taehyung။

တစ်ခါတစ်ရံ
မျက်လုံးတွေမို့ဖောင်းသည်အထိ
ငိုနေတတ်သလို၊
ဆန်ပြုတ်တိုက်သည့်အခါလည်း မသောက်သည်ကခပ်များများ။

မမက ဒီနေ့taehyungဆီ
သတင်းလာမေးမည်ဟုပြော၍
အဆောင်အရှေ့နားက ထိုင်ခုံပေါ်တွင် jiminထိုင်စောင့်နေမိသည်။

စာမေးပွဲရက်ကလည်းနီးနေသည်ကို taehyungကိုစိတ်မချ၍
ကျောင်းပျက်နေမိသည့်အတွက် စာမေးပွဲအတွက်တော့
နည်းနည်းစိတ်ပူနေမိသည်။

taehyungကတော့
အားမရှိသည့်လေသံလေးဖြင့် သူ့ကိုထားခဲ့ပြီး ကျောင်းသွားဖို့ပြောပေမဲ့
မလုပ်ရပ်နိုင်ပြန်ဘူး။

ဒါပေမဲ့ taehyungက သူ့အမေနဲ့
ဖုန်းပြောနေတဲ့အချိန်တိုင်း ဖျားနေတဲ့အကြောင်း၊သူအဆင်မပြေဖြစ်နေတဲ့အကြောင်းတွေကို အမှန်အတိုင်းမပြောဘဲ ရယ်ရယ်မောမောပုံစံနှင့်သာ ဟန်ဆောင်ပြောလေ့ရှိသည်။

''jiminie တို့မင်းကို
အဝေးကတည်းက လှမ်းခေါ်နေတာ။
အတွေးလွန်နေတယ်ထင်တယ်။
လှည့်လည်းကြည့်မလာဘူး''

''ဟီး ဟုတ်တယ် အတွေးလွန်နေတာ''

''taehyungieလေး
အခန်းထဲမှာရှိတယ်မှတ်လား။
တို့ဝင်သွားလိုက်မယ်နော်''

''ဟုတ်ရှိပါတယ်''

''အတွင်းရေးမှူးမင်ကို
အဆောင်ထဲခေါ်လိုက်ပါလား။
မခေါ်မချင်းသူက
နေပူကြီးထဲမှာရပ်နေမှာ''

ပြောချင်ရာပြောပြီး
အဆောင်ထဲဝင်သွားသည့်မမ။

အတွင်းရေးမှူးမင်ဆိုသည့်လူက
အမှန်တကယ်ပင် နေပူကြီးထဲမှာ
မတ်တပ်ရပ်နေလေသည်။

ဟိုတစ်ခါ သူ့အကျီကို
မိမိအပေါ်ခြုံပေးတုန်းက မဆီမဆိုင် အဲ့ဒီနေ့တစ်ညလုံး
စိတ်ကူးယဥ်နေမိသည့်အဖြစ်ကို သတိရမိ၍ နွေးလာသည့်ပါးနှစ်ဖက်။

''အတွင်းရေးမှူးမင်''ဟု
ခပ်ကျယ်ကျယ်လေးအော်ခေါ်ပြီး အနားလာခဲ့ဖို့ လက်ယပ်ပြတော့ ခေါင်းတစ်ချက်ငြိမ့်ပြပြီး အနားသို့လျှောက်လာလေသည်။

ထိုလူကြီး မိမိနှင့်နီးကပ်လာလေ၊
အနေရခတ်လေဖြစ်လာ၍
မြေကြီးကိုသာ စိုက်ကြည့်နေမိသည်။

No Reason ( Completed )Tempat cerita menjadi hidup. Temukan sekarang