ep(4)

15K 1.8K 102
                                        

မျက်ဝန်းညိုညိုတွေက
အိပ်ရေးပျက်စေလောက်တဲ့အထိ ကြောက်စရာကောင်းခဲ့ရင်
သူအဲ့ဒီကတည်းက
ငေးမကြည့်ခဲ့ပါဘူး....။

====

ထိုလူကြီးနှင့် စာကြည့်တိုက်တွင်
တွေ့ပြီးကတည်းက
ထိုစာကြည့်တိုက်ကိုပဲ
ညနေဘက်တိုင်းသွားချောင်းဖြစ်သည်။
စာကြည့်တိုက်စောင့်သည့် အမကြီးကို အတင်းကပ်ပြီး မေးကြည့်သည့်အခါ ''အဲ့ဒီဆရာဝန်က ရုံးပိတ်ရက်တိုင်း လာတတ်သည်''တဲ့။ပြက္ခဒိန်ကြည့်လိုက်၊ရုံးပိတ်ရက်ဖြင့် တိုက်နေလျှင်
စာကြည့်တိုက်ပြေးလိုက်ဖြင့်မည်သို့ပင် ကုန်ဆုံးနေမှန်းမသိသော
ကျွန်တော့်၏ နေ့ရက်များ..။

မိုးသည်းသည့်နေ့တစ်နေ့...။

ထုံးစံအတိုင်း စာကြည့်တိုက်ဆီသို့
ထိုလူကြီးရှိနေမည်လားဟု
ချောင်းရင်းနှင့်ပင် မိုးရွာနေမှန်းကို
မသိလိုက်သော ကျွန်တော်..။
စာကြည့်တိုက်၏ ထောင့်နားလေးတွင် ထိုင်ကာ မိုးတိတ်မည်အချိန်ကို
စောင့်နေရသည်။ထိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ထိုလူကြီးကလည်း
စာကြည့်တိုက်ထဲသို့ဝင်လာသည်။
မိုးလည်းမိလာသည်ထင် ဆံပင်များကို သူ့လက်ဖြင့် တဖျက်ဖျက်ခါလို့..။

''မိုးကို ကျေးဇူးတင်ရမှာပဲ။
ငါသာပြန်ဖြစ်ခဲ့ရင်
သူနဲ့တွေ့ရမှာမဟုတ်ဘူး..''

ထိုသို့တိုးတိုးလေးရေရွတ်ပြီး
ထိုလူကြီး၏ လှုပ်ရှားမှုအားလုံးကို ထိုင်လျက်နှင့်ပင် ငြိမ်ငြိမ်လေး
လိုက်ကြည့်နေမိသည်။

ပထမဆုံး..
တွေ့ကရာစာအုပ်တစ်အုပ်ကို ဆွဲယူပြီး ကျွန်တော်တို့နှစ်ယောက်လုခဲ့သည့်နေရာတွင်ထိုင်သည်။လေးထောင့်ပုံစံမျက်မှန်ကြီးတပ်ပြီး အာရုံစူးစိုက်စွာ စာဖတ်နေသည့် လူကြီးက ကျွန်တော်အခုနေ အကြွေးသွားပေးရင်
အော်လွှတ်မှာလား..။

ခပ်ရွံ့ရွံ့အတွေးနှင့်အတူ
တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
လျှောက်သွားရာ ထိုလူကြီးအနားသို့ ရောက်မှန်းမသိရောက်သွားသည်။
ထိုလူကြီးကတော့ ကျွန်တော်
ရောက်နေသည်ကိုပင် သိဟန်မတူ။လက်မောင်းမှ အကျီစကို လှမ်းဆွဲရန် ကြံပေမယ့် ''နောက်တစ်ခါဆိုရင်
သူ့အင်္ကျီစတွေကို မဆွဲပါနှင့်''ဟူသော စကားကြောင့် လက်ကို
ပြန်ရုတ်လိုက်သည်..။

No Reason ( Completed )Onde histórias criam vida. Descubra agora