ep(5)

13.8K 1.9K 250
                                    

ဒီလောက်လျစ်လျူရှုခံနေရတာကိ အမှတ်မရှိဘူးလားလို့
ဦးကမေးလာခဲ့ရင် ကျွန်တော်ကတော့ မျက်နှာပြောင်တိုက်စွာနှင့်ပဲ
အမှတ်မရှိဘူးလို့ ဖြေရမှာပါပဲ..

======

ဦးနဲ့မတွေ့ရတာ လေးရက်...။

စာကြည့်တိုက်ကိုပဲ
ဦးတည်နေသည့်
ကျွန်တော့်ခြေလှမ်းများကို
ထိန်းချုပ်နေရသည်မှာ
တကယ်မလွယ်လှ..။

jiminကတော့ မေးပါတယ်...
ရီးစားအပူမိနေတာလားတဲ့...

ဒါပေမဲ့ ကျွန်တော်ပြန်မဖြေနိုင်ခဲ့ဘူး။
ကျွန်တော်တို့နှစ်ယောက်ရဲ့အခြေအနေက အခုထိ ဘာမှန်းကိုမသိသေးတာမို့။စိတ်ရှိလက်ရှိ ဦးရဲ့ရင်ဘတ်တွေကို
ထုနှက်ပြီး ဘာလို့ကျွန်တော့်ကိုပဲ လျစ်လျူရှုနေရတာလည်းဆိုပြီး
အော်ပြောပစ်လိုက်ချင်တာ..။
ဒါပေမဲ့ ဦးရဲ့အကြည့်စူးစူးတွေက
ဒိုင်းကာတစ်ခုလိုမျိုး ဖြစ်နေတာမို့ ကျွန်တော်မလုပ်ရဲခဲ့ပြန်ဘူး...။

=======

ကျောင်းမှာတော့ ကျွန်တော်က
စာတော်တယ်လည်းမဟုတ်၊
ညံ့တယ်လည်းမဟုတ်
သာမာန်အနေအထားမှာသာ..။

ပေါင်းသင်းဆက်ဆံရေးမှာလည်း
သာမာန်။ဘယ်နေရာမဆို သာမာန်ပါပဲ။ဒါပေမဲ့ ဦးနဲ့ပတ်သတ်သမျှ
အတွေးတွေကတော့
သာမာန်ထက်ပိုနေမိတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တောင်
သတိမထားမိခဲ့ဘူး...။

သတိထားမိသွားအောင်
သေချာသွားစေတဲ့နေ့ကတော့
ဆိုက်ဆိုက်မြိုက်မြိုက်ကို
ရောက်လာတာပါပဲ...။

''Taehyung ငါဟိုကောင်တွေနဲ့
ဂိမ်းဆိုင်လိုက်သွားမလို့။
မင်းတစ်ယောက်ထဲ ပြန်ရမှာဆိုတော့ သေချာဂရုစိုက်ပြန်...''

''သိပါတယ် park jiminရဲ့ ။ငါလည်းတစ်ယောက်ထဲပ​ြန်တတ်ပါတယ်နော်''

ကျွန်တော့်စကားကြောင့်
jiminက နှုတ်ခမ်းရွဲ့ပြပြီး..

''ဟိုတစ်ခါလို ပတ်တီးအဖွေးသားနဲ့ ပြန်လာမှာဆိုးလို့ပေါ့ကွ...''

သူ့ကို လျှာထုတ်ပြောင်ပြပြီး
ဘက်စ်ကားမှတ်တိုင်ဆီသို့
ပြေးထွက်လာခဲ့သည်။

No Reason ( Completed )Donde viven las historias. Descúbrelo ahora