ep(10)

12K 1.6K 138
                                    

အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး..
စိတ်ခံစားချက်အကုန်လုံးက sensitiveဖြစ်နေသည့်အတွက်
အချိုးမပြေသည့်ကားမျိုးစုံကို
ဟွန်းသာ ပိတ်တီးမိသည့်ကျွန်တော်..။

အိမ်သို့ရောက်ရောက်ချင်း
လည်ပင်းမှ necktieကို
ဖြည်းဖြည်းချင်းဖြေလျော့ပြီး
ဆိုဖာပေါ်သို့
ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။

ထိုစဥ် အသံမြည်လာသောဖုန်း..။

nicknameက ''ချာတိတ်လေး''တဲ့..။

မကိုင်မိဘူး..

ဖုန်းကျသွားသည်အထိ screenကိုသာ စိုက်ကြည့်နေမိသည်..။

နောက်ထပ်တစ်ကြိမ် ခေါ်ပြန်သည်။

ဒါပေမဲ့ မကိုင်မိပြန်ဘူး..။

ထို့နောက် ဘယ်နှခေါက်မှန်းမသိ ဆက်တိုက်ခေါ်နေပြန်သော
ချာတိတ်လေးရယ်ပါ...။

သက်ပြင်းကို တချက်ချပြီး
ပါဝါပိတ်ပစ်လိုက်သည်အထိ
ဖုန်း screenကိုသာ
ကျွန်တော်ငေးကြည့်နေဆဲ...။

စားပွဲပေါ်က စာရွက်လေးတစ်ရွက်။

ရေးထားသည့်အကြောင်းအရာက လစာတိုးတဲ့အကြောင်း...။

ဟုတ်ပါသည်။၁၀နှစ်မှာ
ထူးထူးဆန်းဆန်း တစ်ခါသာ
လစာတိုးသည့် ကျွန်တော်။
ရှားရှားပါးပါး အရာလေးမို့
အပျော်လွန်ပြီး ရှိသမျှ မိတ်ဆွေတွေကို အရက်တစ်ဝိုင်းတိုက်ဖို့
စဥ်းစားမိပေမဲ့...ဟုတ်တိပတ်တိပေါင်းဖြစ်သည့် မိတ်ဆွေက
hoseokတစ်ယောက်ထဲသာ။

အဲ့ဒီအချိန်တုန်းက
မဆီမဆိုင်တွေးလိုက်မိသည့် ခေါင်းက ချာတိတ်လေးလည်း ရှိသေးတာပဲတဲ့။

လူနာကိုစမ်းသပ်နေရင်း
နာရီတကြည့်ကြည့်ဖြစ်နေမိတဲ့ ကျွန်တော်...။

အလုပ်ချိန်ပြီးတာနဲ့
hoseokကို အတင်းတွေခေါ်ပြီး
ဆိုဂျူနဲ့ ကြက်ကြော်တွေဝယ်ပေး..။

ချာတိတ်လေးကိုတော့
ဆိုဂျူတိုက်လို့မရဘူးလေ။
ငယ်သေးသည်မဟုတ်ပါလား။

ထို့ကြောင့် ချာတိတ်လေးအတွက်
ဘာဝယ်ပေးရမှန်းမသိလို့
နေပူပူလမ်းလည်ခေါင်ကြီးမှာ
မိနစ်အနည်းငယ်ကြာအောင်
ခေါင်းခြောက်နေမိသေးသည်။

No Reason ( Completed )Où les histoires vivent. Découvrez maintenant