မာကျူရီမီးများအား ဖြတ်ကာ
တရွေ့ရွေ့မောင်းနှင်နေသော ကားလေး
အပြစ်လုပ်ထားသည့် taehyungမှာ ကားမောင်းသူနေရာတွင် ရှိနေသော
ဦးအား မော့မကြည့်ဝံ့။
မဆင်မခြင်လမ်းခွဲဖို့ပြောသည့်အပြင်
မမနှင့်ပါ ညဘက်ကြီး မုန့်စားလိုက်သွားလို့ အဆူပူခံရမည်ကိုလည်း taehyungသိနေသည်။
ထို့ကြောင့် မျက်နှာငယ်လေးဖြင့် ခေါင်းလေးငုံ့ထားရသည်မှာလည်း
အတော်ပင်ကြာလှပြီ။
သို့သော် အချိန်အနည်းငယ်လောက်အထိ ဦးဆီမှ ဆူငေါက်သံ ထွက်မလာ။
စိတ်ကုန်သွားပြီလားဆိုသည့် အတွေးဖြင့် ထားလည်းထားခဲ့ခံရမှာကြောက်၊
ဆူပူခံရမှာလည်းကြောက်၊ သို့ဖြင့်
ထိုအကြောက်တရားတွေက taehyungရင်ထဲသို့
တစတစ တိုးဝင်လာလေသည်။
''ဟင့်''
ထိုအသံလေး ထွက်လာသည့်ဘက်သို့ jungkookလှည့်ကြည့်လိုက်သည့်အခါ
မျက်လုံးကို လက်ဖြင့်
အတင်းပွတ်နေသော ချာတိတ်လေး။
ငိုနေပြီမှန်း jungkook သိသည်။
ချက်ချင်း စိတ်ပျော့ချင်လာသော
ကိုယ့်ကိုယ်ကိုလည်း
ထိန်းချုပ်ထားရသည်မှာ မလွယ်လှ။
တစတစ ကျယ်လာသော
ရှိုက်သံလေးကြောင့် jungkookမှာ တင်းထားသမျှ မာန်တို့ကို
လျော့ချရလေတော့သည်။
ခုန ထွက်နေသည့် ဒေါသတွေပင် ဘယ်ပြေးသွားသည်မသိ။
ဆူငေါက်ချင်စိတ်တို့လည်းမရှိတော့။
မျက်ရည်လေးတွေကိုမြင်လျှင်
ချက်ချင်း စျာန်လျှောသွားတတ်သော မိမိအဖြစ်ကို ထိုချာတိတ်လေး
သိနေသည် များလား။
''မငိုနဲ့တော့''
မေးလိုက်သည့် လေသံပျော့လျှင် စိတ်ဆိုးပြေသွားပြီဟု
ထင်နေမည် ဆိုး၍ မာထန်ထန်ပုံစံမျိုး
သူပြောလိုက်သည်။
''အီး ဟီးးး''
ထိုအခါမှ ဗြဲကနဲ ထွက်လာသည့်ငိုသံ။
ပိုပြီးလည်း အသံကျယ်လာသည်။
ရှိရှိသမျှ မာန်တို့ အကုန်လျေော့ရလေပြီ။
သို့နှင့် ဖယောင်းထက်ပျော့သည့်
လေသံလေးဖြင့်..
YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯
