ep(7)

12.9K 1.7K 272
                                    

''ရေး!!! ဦးပြုံးလိုက်တယ်...
ဦးက ငါ့ကြောင့်ပြုံးလိုက်တယ်...''

''ဒါ...ဒါ..ဒီ..ဒါ...''

ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းပြီး ခေါင်းတွေကိုသုတ်ကာ သီချင်းသံစဥ်ကို ညည်းနေသော ထယ်ယောင်း။

''ဒီနေ့က အပျော်ဆုံးနေ့ပဲ...
တူ..ပီ...တူ..ပီ...တူ...တူ..''

မှန်ရှေ့ရပ်ပြီး အသားကုန်ဟဲနေသော taehyungကို ကုတင်ပေါ်ကနေ
ကြည့်နေသည့် jiminက တော်တော်လေးကို နားမလည်နိုင်ဖြစ်လာလေပြီ။

''taehyung ah
မင်းဘာဖြစ်လာတာလည်း။
မဟုတ်မှ ရီးစားရလာတာလား''

''ဒီတိုင်း ငါအဆင်ပြေချင်တဲ့လူနဲ့ အဆင်ပြေလာလို့...''

''မင်း အဆင်ပြေချင်တဲ့လူက
ဘယ်သူလည်း ငါ့ကိုပြောပြပါလား..''

ထိုအခါ taehyungက ကျွန်တော့်
ကုတင်ပေါ်သို့ လာထိုင်ပြီး
ခပ်တိုးတိုးလေးပြောသည်။

''jeon jungkookဆိုတဲ့ ဦးလေးကြီး''တဲ့

======

မှောင်မိုက်နေသောကြောင့်
ဘယ်အရာကိုမှ သဲသဲကွဲကွဲမမြင်ရ...။
မြင်ကွင်းတွေက လင်းထင်းလာသလို
ဝေဝါးသွားသလို မသဲကွဲ...။

''hey ကောင်လေး
မင်းရောက်လာပြီလား...''

ကောင်လေး??

ဒီသြရှရှအသံကို
သူသိပ်ရင်းနှီးနေသည်...။

''jungkook စီနီယာတန်းက
ခပ်ချောချောအကိုကြီးကို သိလား။
နာမည်က kim min hyung တဲ့...''

သပ်ပင်ကြီးတစ်ပင်အောက်မှာ
ထိုင်နေသော လူတစ်ယောက်...။

မဝံ့မရဲလေး ကပ်သွားရင်း...

''hyung...ကျွန်တော် စာမေးချင်လို့ပါ''

''ဟင်...''

အာမေဋိတ်အသံလေးနှင့်အတူ
မော့ကြည့်လာသည့်
မျက်ဝန်းညိုညိုတစ်စုံ...။

ထို့နောက် အင်္ကျီစကို
အဆွဲခံလိုက်ရသည့်အတွက်
အနောက်သို့
လှည့်ကြည့်လိုက်သည့်အခါ...

နောက်ထပ်မျက်ဝန်းညိုညိုလေးနှင့် ထပ်ဆုံပြန်သည်...။

''ဦး...ကျွန်တော်တို့က
အဆင်ပြေသွားပြီမှတ်လားဟင်....''

No Reason ( Completed )Où les histoires vivent. Découvrez maintenant