ep(16)

12.4K 1.5K 160
                                    

''ဦး ဟုတ်တယ်မှတ်လား''

''ဟုတ်တယ်ကိုယ်ပါ''

''ဒီကို ဘာလာလုပ်တာလည်းဟင်''

''ကိုယ် မင်းကိုလာကြိုတာပေါ့''

ထိုသို့ပြောတော့ ချာတိတ်လေးက
သူ့လက်ကိုဆုပ်ကိုင်ထားသည့်
ကျွန်တော့်လက်များကို
အတင်းဖယ်ချပြီး

''ဦးနဲ့ ကျွန်တော်က
ထပ်မတွေ့သင့်တော့ဘူး မဟုတ်လား။အခုဆိုရင် ကျွန်တော်က ဘယ်သူ့သားလည်းဆိုတာကို ဦးလည်းသိနေပြီကို''

ထိုအခါ ဦးက ကျွန်တော့်
ပါးပြင်နှစ်ဖက်ကို လက်ဖြင့်အုပ်မိုးပြီး

''ကိုယ်ပြောတာကို နားထောင်။
ချာတိတ်လေးက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိနေသလို ခံစားနေရတာလား။
ဒါပေမဲ့ တမင်ရည်ရွယ်ပြီး
လုပ်ခဲ့တာမှမဟုတ်တာ။ကံကြမ္မာအရ ဖြစ်လာတာပဲလေ။အဲ့ဒါကြောင့်
ကိုယ့်ကိုယ်ကို အပြစ်ရှိသလို
ခံစားမနေတော့ဘဲ အတိတ်ကနေ
ရုန်းထွက်ခဲ့ပါတော့။ကိုယ်လည်း အတိတ်ကနေ ရုန်းထွက်ခဲ့ပြီလေ။အတိတ်က kim minhyungက အတိတ်မှာပဲရှိနေခဲ့ပါပြီ။အခုအချိန်မှာ ကိုယ်က ချာတိတ်လေးကိုပဲ ချစ်နေပြီးတော့ ချာတိတ်လေးနဲ့ပဲ အတူတူနေချင်တာ။အတိတ်ကအကြောင်းတွေကို
မတွေးတော့ဘဲနဲ့ ချာတိတ်လေးကိုပဲ ချစ်နေချင်တာပါ။
အဲ့ဒါကြောင့် ကိုယ့်ကို ဒီလိုမျိုး
တွန်းထုတ်မနေပါနဲ့တော့.. နော်''

ထိုအခါ
မျက်ဝန်းညိုလေးက ရှိုက်ကြီးတင်ငိုပြီး

''ဒါပေမဲ့ ...''

''ရှူး ဒါပေမမဲ့ပါနဲ့တော့ ။
တစ်ခါလောက်တော့
ရူးမိုက်ကြည့်ရအောင်ပါ။
ချာတိတ်လေးလည်း
ကိုယ့်ကို ချစ်နေတယ်မဟုတ်လား''

''ဒါပေမဲ့ မေမေတို့ကို
ဘယ်လိုရှင်းပြရမှာလည်း''

ထိုသို့ပြောတော့ ဦးက
ကျွန်တော့်နဖူးကို ဖွဖွလေးနမ်းပြီး

''ကိုယ့်ကိုယုံပါ ချာတိတ်လေးရယ်။ကိုယ်သူတို့ကို ရအောင်ရှင်းပြမှာပါ''

''ကျွန်တော်ကြောက်တယ် ။
သူတို့လက်မခံရင် ဦးကထပ်ပြီး တစ်ယောက်တည်းဖြစ်သွားမှာ။
အဲ့ဒါကြောင့်မို့ ကျွန်တော်တို့
ထပ်မတွေ့သင့်-''

No Reason ( Completed )Tempat cerita menjadi hidup. Temukan sekarang