ep(24)

10.2K 1.2K 91
                                    

အဖေနဲ့အမေ အကြီးအကျယ်
ရန်ဖြစ်နေတာကို သူမ မြင်သည့်အတွက် အခန်းထဲသို့ ပြေးဝင်ကာ
ကုတင်ပေါ်သို့ ပြေးတက်လိုက်သည်။

ပြီးလျှင် စောင်ကိုခြုံကာ သူမ နားနှစ်ဖက်ကို အတင်းပိတ်ထားလိုက်သည်။

အပြင်ဘက်မှ အော်ဟစ်သံ၊
ဆဲဆိုသံတွေကို သူမ မကြားချင်။

''ယူဂျင်းက ရှင့်သမီးလေ
ရှင်ခေါ်ထားပေါ့''

''မင်းနဲ့လည်း ဆိုင်တယ်မဟုတ်လား။ မင်းပဲ ခေါ်သွားလိုက်။
ငါ့မှာ လုပ်စရာအလုပ်တွေ တစ်ပုံကြီး''

နားပိတ်ထားသော်လည်း ရှင်းရှင်းလင်းလင်းကြီးကို
ကြားနေရသေးသည်အတွက်
နားနှစ်ဖက်လုံး စပ်ဖျင်းနေအောင် နာသည်အထိ လက်ဖြင့်
အတင်းဖိပိတ်ထားမိသည်။

ကျောင်းပြန်လာတိုင်း ထိုမြင်ကွင်းကို မြင်ရသည်မှာမဆန်းပေမဲ့
ရန်ဖြစ်လျှင် ကြားရသည့်စကားများက
တစ်နေ့ထက်တစ်နေ့
ပိုမိုဆိုးရွားလာဆဲ။

သူမကို မိဘနှစ်ယောက်လုံးက
အလိုမရှိကြသလိုပင်။
သူမကို ဘယ်သူတာဝန်ယူ
စောင့်ရှောက်မလည်းဆိုသည့်
ကိစ္စဖြင့်ပင် ရန်ဖြစ်ကြတာ များသည်။

ညမိုးချုပ်လာသည့်အခါ ထိုအသံတို့ တဖြည်းဖြည်း ပျောက်သွားကြသည်။

ထိုအခါမှ အခန်းလေးထဲမှ
တိတ်တိတ်ကလေး ထွက်လာပြီး မီးဖိုချောင်အခန်းထဲသို့ဝင်သွားခဲ့သည်။

စားပွဲအကြီးကြီးတွင်
ဟင်းခွက်သုံးခွက်၊
ထမင်းပန်းကန်တစ်ချပ်၊
ရေဘူးတစ်ဘူးနှင့် ရေခွက်တစ်ခွက်။

မြင့်လွန်းသည့် ထိုင်ခုံပေါ်သို့
မမှီ့တမှီလေး တက်ထိုင်ပြီး
ထမင်းစားနေရင်း ဘယ်သူမှမရှိသည့် အခန်းကျယ်ကြီးကို ကြည့်ကာ
နှစ်လုတ်၊ သုံးလုတ်အပြင်
ပိုပြီး မစားချင်တော့။

မနက်မိုးလင်းသည့်အခါ ထုံးစံအတိုင်း မေ့မေ့ကို ဆံပင်စည်းခိုင်းဖို့
အိမ်အနှံ့ လိုက်ရှာရာ မတွေ့သဖြင့် အလုပ်သွားတော့မည့်ဖေ့ဖေ့ဆီပြေးပြီး

''ဖေဖေ မေမေရောဟင် ။
သမီးဆံပင်တွေကို စည်းခိုင်းမလို့''

No Reason ( Completed )Where stories live. Discover now