Seoulဆေးတက္ကသိုလ်(1996)
တက္ကသိုလ်သို့
စစချင်းလှမ်းသည့်ပထမခြေလှမ်း..။လွယ်အိတ်ကြိုးကိုသာ
ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ဘေးနားဝဲယာကိုကြည့်လိုက်တော့
ကိုယ့်အုပ်စုနှင့်ကိုယ်စကားတွေကျလို့။မိန်းကလေးအဖွဲ့တစ်ချို့၏
ခပ်လွင်လွင်ရယ်သံလေးများက ကျောင်းကြီးကို
ပိုပြီးအသက်ဝင်စေသလို။အခုမှစရောက်ကာစမို့
နေရာတိုင်းက သူစိမ်းဆန်နေသည်။
ထို့ကြောင့် ရမ်းသမ်းလည်းမသွားရဲ။
မတော်လို့ပေါက်ကရလုပ်မိရင်
အဟားခံရဦးမည်မဟုတ်ပါလား။ကျောင်းစတက်တဲ့နေ့မှာတော့
နာမည်မကြီးချင်ပါ။ထို့ကြောင့်အိတ်ထဲမှ
ဖုန်းကိုထုတ်လိုက်ပြီး နမ်ဝူးဆီ
မက်ဆေ့ချ်ပို့လိုက်သည်။#ငါရောက်နေပြီ
ဟေ့ကောင် မင်းဘယ်မှာလည်း#ချက်ချင်းစာဝင်လာသည်။
#ကျောင်းဆေးခန်းနားမှာ#
#ချီးပဲ ငါမှမသိတာ နေရာပြောပြ#
#တွေ့တဲ့လူသာမေးလာခဲ့ကွာ
ဒီမှာအရေးကြီးနေလို့ကွ#စိတ်ထဲ၌ပြေပြေနှစ်နှစ်ဆဲလိုက်ပြီး
မအူမလည်စတိုင်နှင့်
ဘေးနားကလူများကို မေးဖို့သာ
သတိ္တမွေးရတော့သည်။ဘေးဘီကြည့်လိုက်တော့
မိန်းကလေးတွေချည်း။
မအူမလည်သွားမေးရင်
အထင်သေးခံရမှာကစိုးသေး။သို့နှင့် မိန်းကလေးအုပ်စုကြားယောင်လည်ယောင်လည်ဖြစ်နေသောကျွန်တော်..။
''ဟိုကောင်လေး
မင်းကပထမနှစ်ကျောင်းသားလား။ဘာလည်း အခန်းမတွေ့လို့လား..''အနက်ရောင်ဆံပင်ခပ်အုပ်အုပ်နှင့်
အညိုရောင်မျက်ဝန်းတစ်စုံက
သူ့ကိုမေးလာသည့်အတွက်
ကြောင်အအလေးခေါင်းငြိမ့်ပြရသည်။''ဟုတ်..ဟုတ်တယ် hyung
ကျောင်းဆေးခန်း
ဘယ်နားမှာလည်းသိချင်လို့..''''hyungတို့ အခန်းနဲ့
ကျောင်းဆေးခန်းက နီးတယ်။hyungနောက်ကလိုက်ခဲ့''''ဟုတ်ကဲ့..''
တရိုတသေလေးပြောပြီး ထိုစီနီယာနောက်သို့ ကပ်ကာလိုက်သွားခဲ့သည်။

VOCÊ ESTÁ LENDO
No Reason ( Completed )
Fanfic"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯