သားလေးကြိုက်တတ်သည့်
စတော်ဘယ်ရီသီးတွေ ပါ မပါ
သူမ တချက်စစ်လိုက်သည်။''အင်း အဆင်သင့်ဖြစ်ပြီ''
အထုတ်တွေကိုဆွဲရင်း ကားပေါ်သို့ တက်လိုက်သည်။ ကားမှန်နှင့်နီးသည့်ဘက်ကို သူမ ရွေးထိုင်လိုက်သည်။
မှန်ကိုအနည်းငယ်လှပ်လိုက်ပြီး
အပြင်လေကို ခံစားလိုက်သည်။သဘာဝလေမို့လို့လားမသိ
ရင်ထဲကို အေးချမ်းသွားစေသည်။ယူဟာနာ....
ယူဟာနာဆိုတဲ့သူမက အရင်က
ပျော်ပျော်နေတတ်တဲ့ မိန်းကလေး။အရမ်းလည်းဆိုးသလို၊ ပေါက်ကရတွေလည်း အမြဲလုပ်တတ်တာ။
စက်ဘီးပြိုင်စီးနေတဲ့ လူငယ်တစ်စုကို မြင်တော့ ငယ်ငယ်က အတန်းထဲက ဆိုးပေ့ဆိုတဲ့ သူငယ်ချင်းတွေနဲ့ စက်ဘီးပြိုင်စီးဖူးခဲ့တာကိုတောင် သတိရသွားသည်။
ချစ်မိလို့ အရာအားလုံးကို
ဆုံးရှုံးသွားတာနေမှာ။အမြဲတမ်း အပြစ်ရှိသလို ခံစားမိတယ်။
သားလေးကို
သူ့အဖေရိုက်တဲ့အချိန်လည်း
သူမပဲ အပြစ်ရှိသလို ခံစားမိတယ်။ဒါတွေအကုန်လုံးကို
သူမပဲ ဖန်တီးခဲ့တာမဟုတ်လား။ငယ်ငယ်ကတည်းက စိတ်ညစ်စရာတွေ့တိုင်း သီချင်းလေး တညည်းညည်းဖြင့်သာ ကျော်သွားခဲ့သည့် သားလေး။
အဖေနဲ့အမေ ရန်ဖြစ်တိုင်း
ခိုးခိုးငိုတတ်တဲ့ သားလေး။သူမအတွက်တော့ တကယ့်ကို အဖိုးတန်ခဲ့တာ taehyungလေးက။
အခုလည်း ဒီမကောင်းတဲ့အမေကြောင့်
ချစ်ရတဲ့သူနဲ့ ဝေးရဦးမယ်။======
ခုံတန်းပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ အလုပ်သင်လေးနားသို့
သူလျှောက်သွားလိုက်သည်။''ဟေး အလုပ်သင် ။ မနေ့က ငါမင်းကို အခန်းထဲမှာ စောင့်နေဖို့ မှာထားတယ် မဟုတ်လား။ ဘာလို့
စောင့်မနေတာလည်း''''ကျွန်မ သေချာဆုံးဖြတ်ပြီးပါပြီ ။ လူနာကို မတောင်းပန်နိုင်ပါဘူး''

YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯