ep(3)

17.8K 1.9K 159
                                        

မေ့ပစ်ချင်တယ်လို့ပြောလေလေ
ပိုသတိရလေလေဖြစ်တတ်တာ
လောကနိယာမကြီးများလား

====

ဆေးနံ့များမွှန်ထူနေသော
အခန်းထဲတွင် ဘေးမှာရှိသော
အရာရာကိုစူးစမ်းကာ
ငေးမောနေသော
ကောင်လေးတစ်ယောက်..။

မကြာမှီ ဆေးဘူးများ
အစုံအလင်ထည့်ထားသော
ဗန်းတစ်ခုကို ယူလာသော
အဖြူရောင် ဂျူတီကုတ်နှင့်
ဆရာဝန်တစ်ယောက်က
ထိုကောင်လေးဘေးနားသို့
ဝင်ထိုင်သည်..။

လဲကျနေသော ကျွန်တော့်ကို
တွဲခေါ်ကာ''ကိုယ်နဲ့လိုက်ခဲ့''ဟူသော စကားတစ်ခွန်းကိုသာပြောပြီး
မပြောမဆို ဆေးရုံသို့
ခေါ်ချလာသော လူကြီး။

ဆေးရုံသို့ရောက်သည့်အခါလည်း
ကုတင်တစ်ခုပေါ်သို့ တင်ပေးကာ ''ဆေးထည့်ပေးမယ်''ဟုသော
တစ်ခွန်းသာ ပြောပြီး
ထွက်သွားပြန်လေသောသူ။

ဆေးဗန်းကြီးကိုင်ပြီး
ပြန်ရောက်လာကာမှ
ဂျူတီကုတ်ဝတ်ထားသော
ထိုလူကြီးကို အခုမှ
ဆရာဝန်မှန်းသိတော့သည်..။

တံတောင်ဆစ်ကို ဆွဲယူပြီး
အရက်ပြန်နှင့် ခပ်ဖွဖွ
တို့ပေးနေသည့်အတွက် နာလွန်း၍ အသံသေးအသံညှောင်များ
ကျွန်တော့်ပါးစပ်မှ တစ်စွန်းတစ
ထွက်ကျလာသည်..။

ညည်းညူနေသော ကျွန်တော့်ကို လူကြီးက မျက်လုံးဖြင့်
တချက်သာ လှန်ကြည့်ပြီး
ဆေးပါ ဆက်ထည့်ပေးနေလေသည်..။

ဒူးမှ ဒဏ်ရာအား
သေသေချာချာကြည့်ပေးပြီးသည့်အခါ

''ချုပ်ရမယ်ထင်တယ်
တော်တော်ကိုပြဲနေတယ်..''

''ဗျာ..ဒီ..ဒီအတိုင်း
အစိမ်းလိုက်ကြီးလား..''

''ထုံဆေးထိုးပြီးမှ ချုပ်မှာပါ..''

''ဘယ်နားကို ထိုးမှာလည်း
တင်ပါးကိုလား..''

ဆေးရုံလာပြီး တင်ပါးကို ဆေးထိုးဖို့ လှန်ပေးရမှာကို ကြောက်နေသော ကျွန်တော်ရယ်ပါ။တခြားလူဆို အဆင်ပြေပေမဲ့ ထိုးပေးမယ့်လူက
ဒီလူကြီးဆိုတော့ စိတ်ထဲတွင်
အနေခတ်ကာ ရှက်မိသည်..။

''တင်ပါးမဟုတ်ပါဘူး
အနာရဲ့ ဘေးနားလေးတင်ပါ..''

''ဟုတ်..ဟုတ်ကဲ့..''

No Reason ( Completed )Where stories live. Discover now