ခွဲစိတ်ခန်းတစ်ခု...
ခုနလေးတင် ရုန့်ရင်းဆန်ခတ်အခြေအနေကို ထိန်းသိမ်းလိုက်နိုင်သော doctor jeon...။
မေ့ဆေးဆရာဝန်အား
လှမ်းမေးလိုက်သည်။
''vitalရော''''90/50ပါ''
''ok အကုန်တည်ငြိမ်သွားပြီ''
jungkook သူ့အရှေ့မှ
အလုပ်သင်ကောင်မလေးအား
လက်ညိုးထိုးပြီး''ဒါနဲ့ မင်း ၊ အမှားတစ်ခုလုပ်ခဲ့ပေမဲ့ တာဝန်ကျေပါတယ်။ လက်စသတ်လို့တော့ ဖြစ်ပါ့မလား''
အခုထိ သွေးသံရဲရဲဖြင့်
ဗိုက်ဟောင်းလောင်းလူနာအား
ငေးကြည့်ရင်း ထိုအလုပ်သင်က
ပြန်မဖြေ။jungkook
အလုပ်သင်ကောင်မလေးအား စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး''မင်း ဘယ်လိုများ ဆရာဝန်ဖြစ်လာတာလည်း။ ဆရာဝန်က လူနာရဲ့ ဗိုက်ကိုပြန်ပိတ်ဖို့တောင် ယုံကြည်ချက်မရှိဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိမှတော့ ဘာသုံးစားလို့ရမှာလည်း''
စကားကို တစ်လုံးချင်း
အေးစက်စွာပြောရင်း
လူနာ၏ ဗိုက်အား ပြန်ချုပ်နေသော doctor jeon။ဘေးနားက သူနာပြုတစ်ချို့နှင့်
မေ့ဆေးဆရာဝန်တို့က
မျက်စိမျက်နှာပျက်နေပေမဲ့
ဘာမှဝင်မပြောရဲ။ဒီလိုမျိုး နားခါးစေတဲ့ စကားများကို ပြောတတ်တာကdoctor jeonရဲ့အကျင့်
ခွဲစိတ်တဲ့နေရာမှာ သူမတူအောင် တော်လွန်းသည့်အပြင် ခပ်တည်တည်မျက်နှာထားနှင့် အေးစက်စက်သာ ပြောဆိုတတ်သည်။
အလုပ်သင်ကောင်မလေးကတော့ doctor jeon၏ စကားများကြောင့် မျက်ရည်တွေဝဲကာ
လက်သီးတင်းတင်းဆုပ်လို့။.
.
.
ခွဲစိတ်ခန်းထဲမှ ထွက်လာသည်နှင့်
အလုပ်သင်ကောင်မလေးအား
သူလှမ်းပြောလိုက်သည်။''မင်း ငါ့ဆီ ခဏလာခဲ့ဦး။
ပြောစရာရှိတယ်''သူ့ရှေ့တွင်ရှိနေသော အလုပ်သင်ကောင်မလေးအား ကော်ဖီတစ်ခွက် ကမ်းပေးလိုက်သည်။
ရိုရိုသေသေနှင့် လှမ်းယူသည့်အတွက် ယဥ်ကျေးတဲ့ အသိုင်းအဝိုင်းက
လာသည်လို့တော့ ယူဆရသည်။

YOU ARE READING
No Reason ( Completed )
Fanfiction"အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားခဲ့မိမယ်လို့ ကိုယ် မထင်ထားမိဘူးချာတိတ်လေးရယ်'' "အဲ့ဒီမျက်ဝန်းညိုညိုလေးကို နောက်တစ်ကြိမ် ငြှိတွယ်သွားမိခဲ့မယ်လို့ ကိုယ်မထင်ထားမိဘူးချာတိတ်လေးရယ်'' KookV🐰❤🐯