ep(8)

11.7K 1.6K 173
                                    

နာမည်ကြီးဆိုင်တစ်ခုကိုခေါ်လာပြီး စားစရာတွေမှာပေးနေသော မမ။တခြားမိန်းကလေးတွေလို
လျှပ်ပေါ်လော်လီတာမျိုးမဟုတ်ဘဲ အပြောအဆိုအပြုအမူကအစ ပြောစရာမလိုအောင်ကို ရင့်ကျက်နေတာ။
စမတ်ကျမှုအပြည့်နဲ့ တစ်မိုးအောက် ဟန်ယူဂျင်းက သူတို့မျက်စိရှေ့က မိန်းကလေးမှ ဟုတ်ပါ့မလား...။

မမက menu ကိုဘေးမှာချပြီး taehyungနှင့် jiminဘက်သို့လှည့်ကာ အပြုံးလေးဖြင့်...

''taehyungieနဲ့ jiminie ဘာစားချင်လည်း တို့ကို ပွင့်ပွင့်လင်းလင်း ပြောလေ။ အဲ့ဒါမှ တို့က မှာပေးလို့ရမှာပေါ့။
အခုကျ တို့က ဘာမှာလို့မှာရမှန်း
မသိတော့ဘူး...''

အမိန့်ဆန်သည်လည်းမဟုတ်၊
ချိုသာသည်လည်းမဟုတ်သည့်
မမအသံကြောင့် ကျွန်တော်နှင့် jimin menuစာအုပ်ကို ကယောင်ကတမ်းကောက်ကိုင်ပြီး စားမည့်
အစားအစာကို ရွေးချယ်နေမိသည်..။

''ကျွန်တော်ကတော့
ပုစွန်ချဥ်စပ်တစ်ပွဲပဲ...''

''ကျွန်တော်ကတော့
အမဲသားကင်လေး တစ်ပွဲ..''

ကျွန်တော်တို့နှစ်ယောက်က
ထိုသို့ တစ်ပွဲဆီပဲရွေးတော့ မမက
အားမလိုအားမရလေသံဖြင့်
ခပ်တိုးတိုးလေးဆူသေးသည်...။

''ဒီကလေးနှစ်ယောက်ကတော့
တို့စကားကို တကယ်နားမထောင်ဘူး''

နာနေသည့်ပုခုံးကြောင့် အမဲသားကိုလှီးရန် ဓါးကိုပင် မြှောက်ကိုင်၍မရ..။

''ဒုက္ခပဲ...''

jiminက သူလုပ်ပေးဖို့
ကျွန်တော့်ပန်းကန်ကို ဆွဲယူသည့်အခါ လက်သွယ်သွယ်တစ်စုံက
ပြန်လုထားပြန်သည်...။

''တို့လုပ်​ပေးလိုက်မယ်။
အစားကိုသာ သေချာစားဟုတ်ပြီလား''

ပြောရင်းဆိုရင်း ပန်းကန်ထဲမှ အမဲသားကို ဓါးဖြင့်စနစ်တကျ
လှီးပေးနေသောမမ...။

ပြီးစီးသွားသည်နှင့်
အမဲသားပန်းကန်ကို
ကျွန်တော့်ဘက်သို့ပို့ကာ
ခပ်ယဲ့ယဲ့လေး ပြုံးပြကာ...

''စားနော် taehyungieလေး...
များများစား...''

မမရဲ့နွေးထွေးတဲ့အပြုအမူကြောင့်
မေ့မေ့ကို တဆက်တည်း
သတိရမိသွားသည်။
ဂရုစိုက်မခံရတာကြာလို့လားမသိ
ရင်ထဲမှာ ပျော်သလိုလို
ဝမ်းနည်းသလိုလို တစ်ဆို့ဆို့ကြီး။

No Reason ( Completed )Donde viven las historias. Descúbrelo ahora