ep(11)

11.8K 1.6K 132
                                    

''ချာတိတ်လေးကို
ဖက်ထားတယ်လို့ခံစားမိနေတယ်။ငါ..ငါ..ရူးများသွားပြီလား...''

အရက်အရှိန်ကြောင့်လား...
လူကိုက
တကယ်အသိစိတ်မဲ့နေလို့လားမသိဘူး
ထင်ယောင်ထင်မှားတွေ
လျှောက်မြင်နေမိတဲ့ကျွန်တော်...။

ရင်ခွင်ထဲမှာ ချာတိတ်လေးရှိနေတယ်။
ဒါဟာ...
ပုံရိပ်ယောင်ဖြစ်ဖြစ်၊ပုံရိပ်စစ်ပဲဖြစ်ဖြစ်
တွေးမနေနိုင်တော့ဘူး...
လွတ်ထွက်သွားမည်ဆိုးသည့်အလား
အတင်းအကျပ်ကိုဖက်ထားနေမိသည်။

''ဦး....''

တိုးလျလျခေါ်သံလေးကြောင့်
အသံပါကြားယောင်နေတဲ့
ကိုယ့်ကိုယ်ကိုသာ သနားမိသွားသည်။

''ဦး...''

ဒုတိယမြောက်ခေါ်သံတွင်တော့
ရင်ခွင်ထဲမှ ချာတိတ်လေးကို
ငုံ့ကြည့်မိသည်။

ထိုအခါ ..
မျက်ဝန်းညိုညိုလေးနှင့် ဆုံသည်။

ပါးမို့မို့လေးကို
လက်ဖြင့်ဖွဖွလေးပွတ်သပ်ပြီး..

''မင်းက တကယ့်ချာတိတ်လေးလား''

ထိုသို့မေးတော့ ရင်ခွင်ထဲမှ
ချာတိတ်လေးက ခေါင်းကို အဆက်မပြတ်ငြိမ့်ပြသည်..။

ထိုစဥ် ဖွဲဖွဲလေးကျလာသည့်မိုးများ။

မိုးရွာမယ်လို့တော့ထင်ပါရဲ့...
ဘာလို့ဆို ဒီနေ့တစ်နေ့လုံး
မိုးအုံ့နေခဲ့တာ မဟုတ်ပါလား။

ချာတိတ်လေး နဖူးပေါ်သို့
တစတစကျလာသည့်
မိုးပေါက်ကလေးများကြောင့်
သူလျင်လျင်မြန်မြန်ပဲ
အိမ်ထဲသို့ခေါ်သွားမိသည်။

အမှောင်ချထားသလို
လုံးဝမှောင်မိုက်နေသည့် ဦး၏အခန်း။

ပြတင်းပေါက်တွေလည်းမဖွင့်၊ လိုက်ကာတွေလည်းမဖွင့်။

ယုတ်အစွဆုံးမီးပင်မဖွင့်...။

လုံးဝကြီးမိုးမချုပ်သွားသေးလို့သာ တစ်ယောက်နှင့်တစ်ယောက်
ခပ်ရေးရေးမြင်နေရတာ...။

ဦးကတော့ အရက်ခွက်ကိုကိုင်ရင်း ဆိုဖာပေါ်တွင်ထိုင်နေလေသည်။

''မီးခလုတ်တွေက ဘယ်မှာလည်း''

''တံခါးရဲ့ ညာဘက်မှာ...''

No Reason ( Completed )Donde viven las historias. Descúbrelo ahora